7.8.13

ရှစ်လေးလုံး ငွေရတုတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ သမ္မတအကြံပေးဦးမြင့် ဆွေးနွေး

ရှစ်လေးလုံး ငွေရတုအခမ်းအနား တွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးဦးမြင့်က စီးပွားရေးပြုပြင် ပြောင်းလဲမှုနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့သည်။

ယနေ့တွင် မရမ်းကုန်းမြို့နယ်၊ မြန်မာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပ သည့်

ရှစ်လေးလုံးငွေရတု အခမ်း အနားတွင် အကြောင်းအရာတစ်ခုကို အပိုင်းလိုက် ဆွေးနွေးခဲ့ကြရာ ဦးမြင့် က တိုင်းပြည်ပြန်လည် တည်ဆောက် ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ ၌ ဆွေးနွေးခဲ့ခြင်း ဖြစ် သည်။

''ကျွန်တော် ပြောချင်တာက စီး ပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက် လို့ ပြောပါမယ်။ နောက် ဘာဆက်လုပ်ရ မယ်ဆိုတဲ့ အပိုင်း ကို ပြောပါမယ်'' ဟု ဦးမြင့်က ပြောသည်။

ထိုသို့ ပြောကြားရာတွင် ၁၉၈၈ ခုနှစ် အရေးတော်ပုံနှင့် ပတ်သက် ၍ ဒေါက်တာမောင်မောင် ရေးသားထားခဲ့ သော ''ကျွန်တော်တို့ဟာ တိုင်းပြည်ကို ကောင်းအောင် လုပ်ဖို့ အခွင့်အလမ်း တွေ အများကြီး ရခဲ့တယ်။ ဒါပေမဲ့ အဲဒီ အခွင့်အရေးတွေအားလုံးကို ကျွန်တော် တို့ အရှုပ်အထွေးကြီးဖြစ်အောင် အလ ကားဖြစ်အောင် လုပ်ခဲ့ကြတယ်'' ဆို သည့် စာသားအားကိုးကား၍ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

၎င်းနှင့်အတူ ဒေါက်တာရန်မျိုး သိန်း၊ မခင်ဥမ္မာ၊ ဒေါက်တာ ရင်ရင်နွယ်၊ ဦးရွှေစင်ထွန်းတို့က ပါဝင်ဆွေးနွေးခဲ့ကြ သည်။ ထို့ပြင် တိုင်းရင်းသားရေး၊ ပြည် တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည် ထောင် စု ခေါင်းစဉ်ကို ဆရာဖေမြင့်၊ ဦးခွန်ထွန်းမြင့်၊ ဦးအောင်မိုးဇော်၊ မခေါန်ဂျာနှင့် ဆလိုင်းလျှံမုန်းတို့က ပါ ဝင်ဆွေးနွေးခဲ့ကြသည်။ ''ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အချင်းချင်းကြား ရင်ကြားစေ့ရေးက မဖြစ်မနေ လုပ်ရမယ့်ကိစ္စပါ။ အဲဒါ အတွက် ကျွန်တော်တို့ဘက်က ဘယ်လို
စိတ်ထားမျိုးရှိသင့်တယ်။ ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာကို ကျွန် တော်အကြမ်းဖျင်း တင်ပြဆွေးနွေးမှာ ပါ'' ဟု ဆွေးနွေးမှုမစတင်မီ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦး အောင်မိုးဇော်က ပြောသည်။

ရင်ကြားစေ့ရေးတွင် ဒီမိုကရေစီ အင်အားစုများနှင့် တပ်မတော်ကြား၊ အစိုးရနှင့် ဒီမိုကရေစီအင်အားစုများ ကြား၊ ဗမာအပါအဝင် တိုင်းရင်းသား များအကြား နားလည်ယုံကြည်မှု တည် ဆောက်ရန် လက်တွဲလုပ်ဆောင်ရန် မည်သို့ဆောင်ရွက်ရမည့် အပိုင်းများကို ဆွေးနွေးသွားမည်ဟု ¤င်းက ထပ် လောင်းပြောသည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုကဏ္ဍတွင် ဦးအောင် မျိုးမင်း၊ ဦးမြင့်အေး (HRDP)၊ မစုစု ဆွေ (WLB) နှင့် ဦးမော်လင်းတို့က ပါ ဝင်ဆွေးနွေးသွားကြပြီး စစ်မှန်သော အမျိုးသားပြန် လည် သင့်မြတ်ရေး ကဏ္ဍတွင်ဦးအေးသာအောင်၊ ဦးကိုကို ကြီး၊ ဦးသံခဲ (ABSDF)၊ ဦးဌေးသိန်းနှင့် ဒေါ်ခင်မမမျိုးတို့က ပါဝင်ဆွေးနွေးခဲ့ သည်။

''အဓိက ကတော့ ဒီနေ့တိုင်း ပြည် မှာ အမြင်သဘောထားတွေ အမျိုးမျိုး ကွဲပြားတယ်။ အဲဒီကွဲပြားတဲ့ အမြင် သဘောထားအပေါ် မူတည်ပြီးတော့ အဖွဲ့အစည်း၊ ပါတီ၊ အုပ်စုတွေ ကွဲနေ တယ်။ အဲဒီကွဲနေတဲ့ အုပ်စုတွေ စုစည်း နိုင်မယ့် အမြင်သဘောထားတစ်ခု ပေါ် ထွက်လာ ရင် ကောင်းမယ်လို့ သဘော ထားရှိပါတယ်။ ဒီလို ယိုယွင်းကျဆင်း နေတဲ့ အခြေအနေကို ကောင်းမွန်လာ အောင် လုပ်ဖို့ဆိုရင် အမျိုးသားညီ ညွတ် ရေးက အရေးကြီးတယ်ဆိုတာကို ဆွေး နွေးမှာပါ'' ဟု ဆွေးနွေးမှုမစတင်မီ ဦးအေးသာအောင်က ပြောသည်။

အဆိုပါဆွေးနွေးမှုများမှတစ်ဆင့် အနာဂတ်နိုင်ငံရေးအတွက် လမ်းပြ မြေပုံတစ်ခုပေါ်ထွက်လာမည်ဟု မျှော် လင့်ထားကြောင်း ၈၈ မျိုးဆက်မှ ကိုဌေးကြွယ်က ဆိုသည်။ ရှစ်လေးလုံး အရေးတော်ပုံငွေရတု အခမ်းအနားအား သြဂုတ်လ ၆ ရက်မှ ၈ ရက်ထိမရမ်းကုန်း မြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Popular Myanmar News Journal

0 comments:

Post a Comment