10.2.14

မြန်မာနိုင်ငံ၏ အနာဂတ်ကုန်သွယ်ရေးတွင် ဗဟိုအချက်အချာဖြစ် လာမည့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံ ချက်များကိုမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်နှင့်တွေ့ဆုံမေးမြန်း တင်ပြလိုက်ပါသည်။


 မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ ဗဟိုချက်ဖြစ်လာမယ့် အနေအထား မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ စရိုက်တွေ၊ ရှေးဟောင်းအမွေအနှစ် တွေ မပျောက်ပျက်အောင်ဘယ်လို ထိန်းညှိသွားဖို့ရှိပါသလဲ။
=========================
မန္တလေးအတွက် ဒီဘက်ခေတ် မှာ လမ်းပန်းဆက်သွယ်ရေးအင် မတန်ကောင်းလာမယ့်ကိစ္စ၊ နောင်တစ် ချိန်မှာတိုးတက်လာရင် အကောင်း ဆုံးအနေအထားမှာရှိတယ်လို့ လူ တွေက တွက်ထားကြပြီ။ ပထမ မန္တလေးမြို့စီမံကိန်းဆိုတာရှိတယ်။ ဒါကကြာခဲ့ပြီ။ ၁၉၉၅ တုန်းကအဲဒီ စီမံကိန်းကိုကြည့်လိုက်ရင် မန္တလေး မြို့ဘယ်လိုတိုးချဲ့သင့်တယ်ဆိုတာ ပါတယ်။ သို့သော်ပြန်လေ့လာကြည့် တဲ့အခါ မန္တလေးအတွက်တိုးချဲ့ ဖို့တစ်ခုတည်းနဲ့မရဘူး။ ခုနကမေး တဲ့ ယဉ်ကျေးမှုဆိုတာပါနေတယ်။ ယဉ်ကျေးမှုဆိုတာပါနေတော့ ဒီနှစ်ခု ကို ပေါင်းစပ်ပြီး မန္တလေး Develop လုပ်ရမယ်လို့ သုံးသပ်လို့ရပါတယ်။ မြို့ခံတွေနဲ့လဲ ဆွေးနွေးကြည့်တယ်။ သူတို့လဲ ဒီလိုပဲမြင်တယ်။ မြို့ကျပ်ပြီး ယဉ်ကျေးမှုပျောက်သွားမှာလဲတော် တော်စိုးရိမ်တယ်။ မန္တလေးမြို့ တိုးတက်ရေးမှာယခင် Star Ruby  လုပ်ခဲ့တဲ့ တိုးတက်ရေးမှာ အောက် ဘက်မှာ စက်မှုဇုန်လဲပါတယ်။ တခြားနေရာတွေမှာ ဖော်စရာတွေ လဲ ကျန်နေတာကို။ အဲဒီမှာ နှစ် ၃ဝ စီမံကိန်းဆွဲလိုက်တယ်။ အဲဒီ တော့ ဒီလိုဆွဲတဲ့နေရာမှာ Green City  ဆိုတာလဲ အရေးကြီးတယ်။  ဆိုလိုတာကတော့ မန္တလေးဝန်းကျင် ကို တောင်ပေါ်ကနေကြည့်လိုက်။ မန္တလေးဝန်းကျင်စိမ်းစိုနေတာပဲ။ အင်မတန်ကိုကောင်းတယ်။ ဒါတွေ က ပျောက်သွားရင် ပြန်မရနိုင်ဘူး။ ပြန်မရနိုင်ဘူးဆိုတာ မပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့သဘော။ အဲဒီတော့ မန္တလေးမြို့ရဲ့ အရှေ့ ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း၊ တောင်ဘက်ခြမ်းနည်းနည်းပေါ့။ ဒီလိုနေရာတွေမှာ Green ကကျန် ရမယ်ဆိုတော့ စိုက်ကွင်းတွေချန် ပြီးတွက်ကြည့်လိုက်တော့ မန္တလေး မြို့မှာ၊ မန္တလေးမြို့အနီးဝန်းကျင်မှာထပ်ချဲ့ဖို့ မဖြစ်သင့်တော့ဘူး။ ကျပ်သွားပြီ။ ဒါကြောင့် မန္တလေးမြို့ အနီးဝန်းကျင်မှာ လုပ်နိုင်မယ့်အနေ အထားလေးတွေတွက်ကြတယ်။ နောက်ဆုံး ဟိုတယ်ဇုန်လုပ်မယ်ဆို တာ ဖြစ်လာရင်းနဲ့ တံတားဦးစီမံ ကိန်းဖြစ်လာတယ်။ တံတားဦးစီမံ ကိန်းကစနေပါပြီ။ မန္တလေးနဲ့ မိနစ် ၄ဝ ပဲသွားရတယ်။ ဘယ်လောက်မှ မဝေးဘူး။ အဲဒီဝန်းကျင်မှာ လုပ် လိုက်ရင် မန္တလေးမြို့ကျပ်တည်းမှု ကလျော့သွားမယ်။ နောက်ဟိုမှာ လုပ်ပြီး မန္တလေးမြို့ကို ဒီအတိုင်း ပဲထားဦးမလား။ ပစ်ထားလို့မရဘူး။ ဒါ့ကြောင့် မန္တလေးမြို့မှာ မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်းဆုံး ဖြစ်အောင်လုပ်ရမယ်။ ဒီကြားထဲ မှာ ယဉ်ကျေးမှုကို အကုန်လုံးထိန်း ပေါ့။ Plan တွေဆွဲတဲ့အခါ အကုန် တွက်ချက်ပြီးဆွဲတော့ ဒီနေရာက အလားအလာ အတော်ကောင်းတယ် လို့ တွက်ထားတယ်။ ပြည်တွင်းက လဲတွက်တယ်။ ပြည်ပကလဲတွက် တယ်။

မန္တလေးတိုင်းထဲမှာ စက်မှုဇုန် ကဘယ်နှဇုန်လောက်ရှိပြီး တကယ် လုပ်ကိုင်နေတာ ဘယ်ဇုန်မှာလဲဆို တာသိပါရစေ။
================================
မန္တလေးတိုင်းထဲမှာ သတ်မှတ် ထားတဲ့ ဇုန်နယ်မြေသုံးခုရှိပါတယ်။ မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံရှိပါ တယ်။ ဒါတွေကလဲ နဂိုတုန်းက စက်မှုလုပ်ငန်းအသေးလေးတွေကို နေရာတစ်ခုမှာ ကောင်းကောင်းမွန် မွန်လုပ်နိုင်အောင် စီစဉ်ပေးခဲ့တာ ပါ။ သို့သော်ဒါတွေက အသေးစား တွေများပါတယ်။ အလတ်စားနည်း နည်းရှိပါတယ်။

မန္တလေးမှာ မြန်မာ့ရိုးရာလွန်းရာ ကျော်လို၊ ရွှေပြားခတ်လုပ်ငန်းတွေ လိုလုပ်ငန်းမျိုးတွေနဲ့ ကျောက်စိမ်း ရောင်းဝယ်တဲ့ လုပ်ငန်းတွေကိုဘယ် လိုပံ့ပိုးမှုတွေလုပ်ပေးဖို့ အစီအစဉ် တွေရှိထားပါသလဲ။
================================
ပထမတစ်ခုကတော့ လက်မှု လုပ်ငန်းများ၊ လွန်းရာကျော်လိုဟာ မျိုး၊ ရွှေပြားခတ်လုပ်ငန်းပေါ့။ ဒါ တွေက တခြားနိုင်ငံတွေမှာလဲမရှိ ဘူးလေ။ ဒါလေးတွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ ကြိုးစားလုပ်နေတာတွေ ကို အားပေးထားတာတွေရှိပါတယ်။ နောက်ကျောက်စိမ်းဆိုတာ မန္တလေး ကတော့ ကျောက်စိမ်းမထွက်ဘူး။ သို့သော် ကျောက်စိမ်းအရောင်း အဝယ်နဲ့ ကျောက်စိမ်းလုပ်ငန်းလေး က မန္တလေးမှာတော်တော်လေးကြီး ထွားတယ်။ မန္တလေးမှာကျောက်စိမ်း ဈေးဆိုတာလေးရှိတယ်။ နေရာလေး ကကျဉ်းကျဉ်းလေး၊ သို့သော်အဲဒီမှာ နေ့စဉ်လူက သောင်းနဲ့ချီတယ်။ ဒါ လေးကို သူတို့ ဒီအတိုင်းပဲ အရောင်း အဝယ်လုပ်နေမယ်ဆိုရင် တိုးတက် စရာအကြောင်းမရှိဘူး။ ဒါကြောင့် ကျောက်စိမ်း ဈေးကွက်တစ်ခုဖြစ် အောင်ဆိုပြီး အခုမြစ်ငယ်ကနေ စစ်ကိုင်းသွားတဲ့လမ်း ဘယ်ဘက် အခြမ်းမှာ ကျောက်စိမ်းဈေးတစ်ခု တည်ဖို့လုပ်နေပါပြီ။ အဲဒီမှာ ဒီမှာလို ပြနိုင်တဲ့ အနေအထားမျိုးရှိအောင်၊ သူ့နေရာ သူ့ခုံလေးတွေနဲ့ပြနိုင်၊ ရောင်းနိုင်အောင် စီစဉ်ဖို့ရှိတယ်။နောက်တစ်ခါ ဒီကျောက်စိမ်းကို အချောထည် ထုတ်လို့ရအောင်၊ ရောင်းလို့ရအောင် ဒီမှာတင်ပဲလုပ်ဖို့ စီစဉ်ထားပါတယ်။ နောက်တစ်ခါ ကျောက်စိမ်းနဲ့ ပတ်သက်ပြီး ဒီမှာ တင်ပဲ နည်းပညာ အကူအညီပေး မယ်။သင်တန်းတွေပေးမယ်။ ဈေး ကွက်ဝင်အောင် Value Added ကို သေချာလုပ်ပေးမယ်ဆိုပြီး နိုင်ငံခြား ကုမ္ပဏီတွေ ဆက်သွယ်လာတာ လဲရှိနေပြီ။  အဲဒီနေရာမှာသာ စနစ်တကျဖြစ်သွားရင် မန္တလေးမှာ ကျောက်မျက်ရတနာ ဈေးကွက်က ကောင်းကောင်းမွန်မွန်ကို ဖြစ်လာ မယ်။ နောက်တစ်ခု ပိုကောင်းသွား တာက တံတားဦး စီမံကိန်းနဲ့သူနဲ့ ဆိုရင် ၁၅မိနစ်၊ မိနစ် ၂ဝပဲ ဝေး မယ်။ ဒီနေရာမှာ အလုပ်အကိုင် အခွင့်အလမ်းက ထောင်နဲ့သောင်း နဲ့ကိုရမယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် မန္တလေးဘက်ကိုလဲ စိတ်ဝင်စား ကြတယ်လို့သိရပါတယ်။ သူတို့ က မန္တလေးမှာဘယ်လိုထုတ်ကုန်မျိုး လုပ်ဖို့ စိတ်ဝင်စားကြတာပါလဲ။
==========================
မန္တလေးတိုင်းထဲမှာ တကယ် တမ်းလုပ်ပေးရမှာက အလုပ်အကိုင်  အခွင့်အလမ်း ဖန်တီးပေးရမယ်။ ဒီမှာက လူဦးရေအင်အားကောင်း တယ်။ အလုပ်လုပ်နိုင်တဲ့ အရွယ်လဲ များတယ်။ ဒါကိုတည်ပြီး စက်မှု လုပ်ငန်းတစ်ခုထူထောင်ဖို့ဆိုပြီး စဉ်းစားခဲ့တယ်။ မြို့သာ Industrial Park  ဆိုတာလေးလုပ်နေတယ်။ ပထမတော့ ဒီနေရာမှာ Jetty ပေါ့။ မန္တလေးတိုင်းထဲမှာ Jetty ကောင်း ကောင်းမရှိဘူး။ အဲဒီတော့ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လေ့လာ လိုက်ရင် မြေသားခိုင်မာပြီး နေရာ မရွေ့တာဆိုလို့  မန္တလေးတိုင်းထဲ မှာပဲရှိတယ်။ ဒါအထူးခြားဆုံးပဲ ဧရာဝတီမြစ်ရိုးမှာ ဘယ်နေရာလဲ ဆိုတော့ဆံမြိတ်ခုံနေရာပဲဖြစ်တယ်။ ဇလွန်နားမှာ တစ်နေရာ၊ ကျောက် တစ်လုံးဆိုတာ တစ်နေရာရှိတယ်။ ဒါပေမယ့် နေရာကောင်းကောင်းက ဆံမြိတ်ခုံဖြစ်တယ်။ ဆံမြိတ်ခုံမှာ ပထမတော့ လုပ်ငန်းရှင်တစ်ယောက် က Jetty ကလုပ်မယ်။ Jetty လုပ် ပြီးရင် ဒီနားက လယ်ယာထွက်ကုန် ပစ္စည်းတွေကိုပို့မယ်။ အဲဒီနား ပတ်ဝန်းကျင်မှာ လယ်ယာထွက် ကုန်တွေကို Value Added လုပ် မယ်ဆိုပြီး စီမံကိန်းစဖို့လုပ်ကြတာ ပဲ။ နောက်ပိုင်း အဲဒီနားမှာ စက်မှုဇုန် လုပ်ရင်ကောင်းမယ်ဆိုပြီး သူတို့လဲ လေ့လာ၊ အစိုးရအဖွဲ့ကလဲ လေ့လာ လိုက်တယ်။ ဒီနေရာမှာစက်မှုဇုန် ဖြစ်သွားပြီပေါ့။ ဒီနေရာမှာလွှတ် တော်လဲတင်၊ အစိုးရအဖွဲ့လဲတင်။ အခုပထမအဆင့်လုပ်ငန်းစနေပါ ပြီ။ ဒါတိုးတက်လာမယ်ပေါ့။ အဲဒီ စက်မှုဇုန်တစ်ခု ဖြစ်လာပြီဆိုရင် ပြည်တွင်းက ရင်းနှီးမြှုပ်နှံချင်သူ ရောပေးမယ်။ ပြည်ပက လုပ်ချင်သူ တွေကိုလဲပေးမယ်။ နှစ်ခုစလုံးရ မယ်။ သူတို့ဘာလုပ်ငန်းလုပ်ချင်လဲ၊ ဒီမှာလာလေ့လာကြတာတော့တော် တော်များများပါပဲ။ အထည်ချုပ် လုပ်ငန်းတွေ၊ ထုတ်လုပ်မှုလုပ်ငန်းတွေ မျိုးစုံပါပဲ။ သတ္တုထွက်ပစ္စည်း၊ချည်နဲ့ ပတ်သက်တာလာလေ့လာကြတယ်။ အခု ၆၂ လမ်းမှာ Information Center ဆိုပြီးပြထားတယ်။ ဒါလေး ကလဲဖြစ်လာမယ်လို့ထင်တယ်။

မြို့သာ Industrial Park မှာ စက်မှုဇုန်အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေရှိနေပါပြီလား။
=================================
အကုန်လုပ်ပေးရမှာပါ။ အခု ပထမမြေရပါပြီ၊ လမ်းတွေဖောက် နေပါပြီ။ နောက်ရေလုပ်ပေးရမှာပါ၊ မီးလဲလုပ်ပေးဖို့အဆင်သင့်ဖြစ် နေပါ ပြီ။  မီးကမြင်းခြံမှာဆောင်ရွက်မယ့် မီးနဲ့လုပ်ဖို့စီစဉ်ထားတယ်။ ဟိုဘက် က မီးမရသေးရင်တောင်မှ စက်မှုဇုန် ထဲမှာ လောလောဆယ်သုံးနိုင်အောင် ၁ဝ မဂ္ဂါဝပ်လောက် ဘယ်ကထုတ်နိုင် မလဲ၊ ဆိုလာကထုတ်နိုင်မလား၊ဒါ လေးလဲ ဆွေးနွေးနေတာရှိပါတယ်။  ဒီလိုနဲ့စဖို့ အစီအစဉ်လုပ်နေပါပြီ။
အိန္ဒိယနဲ့လမ်းကောင်းသွားတယ် ဆိုရင် Border နယ်စပ်က ပြည်နယ် တွေကို အခြေခံပြီး ဒီဘက်တွေမှာ Trade လုပ်ချင်တယ်လို့သိရပါ တယ်။ နံပါတ်(၁)ကတော့ အစား အစာ ဆန်ရော ပဲအမျိုးမျိုးရောပါ တာပေါ့။ နံပါတ်(၂)ကတော့ အသုံး အဆောင်ပစ္စည်း၊ အဲဒီအဖွဲ့တွေလဲ စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံနိုင်မလား ဆိုပြီး လာကြည့်ကြတယ်။ ပြပွဲလုပ် တဲ့သူတွေကိုယ်တိုင်လဲ လေ့လာ၊ ဒီကသတင်းတွေလဲယူသွား၊ ဒါလေး တွေလုပ်နေကြပါတယ်။

အဲဒီလိုအနေအထားမှာ အခွန် အကောက်ရဖို့၊ ဒီကပဲဖြတ်သန်းခ လိုမျိုး အထွက်ကိုသေချာသိရ အောင်ပေါ့။ အနာဂတ်မှာ စနစ် တကျဖြစ်အောင်လုပ်ဖို့ရှိပါသလား။
==================================
ဒါကိုလဲ ကျွန်တော်တို့အများ ကြီးစဉ်းစားပါတယ်။စဉ်းစားတယ် ဆိုတာက အခွန်အခဆိုတဲ့နေရာမှာ နေရာတစ်ခုရောက်တိုင်း အခွန်ပေး ဆိုတဲ့စနစ်ကြီးကို ကြိုက်မှာလဲ မဟုတ်ဘူး။ ကျွန်တော်တို့လဲ အဲဒီ လိုလုပ်ရင် မသင့်ဘူးပေါ့။ နိုင်ငံ တော်ရဲ့စနစ်ကို သွားထိခိုက်နိုင် တယ်။ နိုင်ငံတော်က စနစ်တကျ စီစဉ်တဲ့ အခွန်ဥပဒေများအတိုင်းပဲ တစ်နေရာမှာ အခွန်ဆောင်ပေါ့။ ပြည့်ပြည့်ဝဝရအောင်လုပ်ရမှာပေါ့။ အခုတော့လဲ နယ်စပ်မှာသေချာ လေးလုပ်နေတယ်ပြောပါတယ်။ ဒါပေမယ့် ရှိသေးတယ်။ သွားနေ တာပဲ။ ဟိုတုန်းကတော့ ဒီမှာဂိတ် တွေရှိတယ်။ အခုတော့ ဂိတ်တွေ မရှိတော့ဘူးလေ။ မရှိတော့တဲ့ အခါ ရံဖန်ရံခါမှာ သတင်းတွေအရ စစ်ဆေးလိုက်တော့ မှောင်ခိုတွေက တွေ့နေသေးတယ်။ ဒါတွေကျ တော့ နိုင်ငံတော်ဘက်က ကောင်း ကောင်းမွန်မွန်လမ်းကြောင်းဖြစ် အောင် ဖွင့်ပေးထားတယ်။ ဒါပေ မယ့် ဒီလိုမျိုးရှောင်လွှဲပြီး လုပ်တာ တွေလဲရှိတယ်။ တစ်ဖက်က ရှောင် လွှဲလို့မရနိုင်အောင်က သူတို့လဲ အသိရှိရမယ်။ စစ်ဆေးတဲ့ နည်း လမ်းလေးတွေရှာရမယ်။ သူတို့ကို ခွင့်ပြုတဲ့ကိစ္စ ဘယ်နေရာမှာ ဘယ် လိုပေးမလဲ၊ ဘယ်နေရာမှာ ကုန် တင်မလဲ၊ နေရာသတ်မှတ်ပေးမှရ မယ်။ အဲဒါမျိုးနေရာပေးမှ။
ည အဲဒါမျိုးကုန်တွေတင်ဖို့ နေရာ ပေးရမယ်ဆိုရင် မန္တလေးမှာနေရာ ရှိရဲ့လားရှင့်။
ဒါတွေက နေရာပေးရမယ်ဆို ရင်တော့ နေရာတွေရှိပါတယ်။ ကောင်းကောင်းရှိပါတယ်၊မန္တလေး တိုင်းဒေသကြီးထဲမှာက ဘာမှစိုက် လို့မရတဲ့ ကန္တာရတောတွေရှိတယ်။

အဲဒီလိုကုန်သွယ်မှုကို ထိန်းတဲ့ နေရာပေါ်လာခဲ့ရင်...
================================
အဲဒါဆိုရင် ဘာမှပြောစရာမရှိ တော့ဘူး။ နိုင်ငံတော်က အခွန်အခ အများကြီးတက်သွားမယ်။ မှန်မှန် ကန်ကန်လဲဖြစ်သွားမယ်။ ကျွန် တော်တို့လူတွေက အခွန်နဲ့ပတ် သက်ပြီး Familier  မဖြစ်ဘူး။ ဒီအတိုင်းပဲသွားလိုက်ချင်တယ်။ အခွန်ပေးရမယ်ဆိုတာ သူတို့ခေါင်း ထဲမှာသိပ်မရှိဘူး။ အဝင်ရော အထွက်ရောပြောတာ။အဲဒီလို ထိန်း နိုင်ရင်လဲကောင်းတယ်။ ဒါပေ မယ့် လောလောဆယ်နယ်စပ်ကလဲ သေချာစိစစ်နိုင်ဖို့ လိုတာပေါ့။ နယ်စပ်မှာ ယိုပေါက်မရှိအောင် လုပ်နိုင်ရင်လဲ ကောင်းတာပေါ့။ အနီးစပ်ဆုံးလုပ်နိုင်တာက နယ်စပ် မှာရှောင်လွှဲလို့မရအောင်စစ်လိုက်၊ လမ်းကြောင်းတစ်ကြောင်းတည်းပဲ။ အရင်လိုပေါ့။ စစ်ဆေးလိုက်တော့ လဲပဲ ကြန့်ကြာတယ်၊ ဘာတယ်နဲ့၊ တကယ်တော့ လုပ်သင့်တာတွေက အများကြီးပဲ။ အရင်ဆုံးလုပ်သင့် တာက နယ်စပ်ကိုသေချာလုပ်၊ ဒီ ထက်ပိုပြီး စနစ်တကျလုပ်မယ်ဆို ရင် ဒီအလယ်မှာ၊ ဒါက တစ်ပြည် လုံးကလာတာကို၊ နောက်ပိုင်းဆို ရင် အိန္ဒိယကုန်သွယ်မှုတွေလာဦး မှာ၊ လာမယ်ဆိုရင်ဖြတ်ဦးမှာပဲ။ ဒီကိစ္စတွေအများကြီး စီစဉ်ရမယ့် အပိုင်းတွေဖြစ်နေပါပြီ။

  မန္တလေးတိုင်းဒေသကြီးရဲ့ အဓိကမှီခိုရတဲ့စီးပွားရေးကိုသိပါ ရစေ။
============================
လယ်ယာပါပဲ။ လက်ရှိက တော့ လယ်ယာကနေပဲဝင်နေတာ ပါ။ လယ်ယာဆိုပေမယ့် အဓိက ယာလုပ်ငန်း၊ မန္တလေးမှာ လယ်က တော့ ငါးသိန်းကျော်ကျော်ပဲရှိ တယ်။ လောက်တောင် မလောက် ပါဘူး။ ဒသဖူလုံမှု မရှိပါဘူး။ ယာ လုပ်ငန်းမှာတော့ များပါတယ်။ ပဲ အမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ နိုင်ငံခြားပို့တဲ့အထဲမှာ မန္တလေး တိုင်းဒေသကြီးကကို ၄ဝ ရာခိုင် နှုန်းလောက်သွားတယ်။

  မန္တလေးတိုင်းဒေသကြီးမှာ Export   အတွက် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်တွေရဖို့ ဘယ် လိုအစီအစဉ်များရှိပါသလဲ။
=============================
မျိုးကောင်းမျိုးသန့်က လယ်/ ဆည်ဝန်ကြီးဌာနအစီအစဉ်နဲ့ လုပ်ပေး နေတာလဲ အများကြီးပဲ။ နိုင်ငံခြား ကနေလာပြီး ဆွေးနွေးတဲ့အဖွဲ့တွေ ရှိပါတယ်။ ဒီထက်ပိုထွက်အောင် နှမ်းဆိုလဲ ပိုထွက်မယ်။ ပဲ၊ ဝါဆိုလဲ ပိုထွက်ရမယ်ပေါ့။ အခုတိုင်းဒေသ ကြီးအနေနဲ့  ဝါအထွက်ကောင်း အောင်လုပ်နေတယ်။ ဝါကအထွက် ကောင်းပါတယ်။ ဒါပေမယ့် မျိုး ရောရော သွားတတ်တယ်။ စနစ် တကျ ဖြန့်ဝေတဲ့စနစ် မလုပ်တဲ့ အတွက် မျိုးတွေကရော ရောသွား တယ်။ အဲဒီမှာ အထွက်တွေက လျော့သွားတယ်။ ဒါ နှစ်နှစ်ရှိပါ ပြီ။အစိုးရအစီအစဉ်နဲ့ပဲ တိုင်းဒေသ ကြီးကလုပ်တယ်။ အတော်လေး အောင်မြင်နေတယ်။ဒါကို တစ်စိုက် မတ်မတ် တောင်သူတွေအတွက် လုပ်ပေးမယ်။ဝါကတောင်သူတွေ အတွက် ဝင်ငွေသိပ်ကောင်းလာပြီ။ နောက်တစ်ခုကဆီထွက်သီးနှံတွေ၊ အခုလက်ရှိအထွက်နှုန်း သိပ်နည်း ပါတယ်။ တစ်ချိန်တုန်းကလဲ နိုင်ငံ တော်ကသတ်မှတ်ပေးတာရှိပါတယ်။ ဆီထွက်သီးနှံ ၁ဝမျိုးမှာ အထွက် နှုန်းတွေသတ်မှတ်ပေးထားတယ်။ မထွက် ထွက်အောင်ကြိုးစားရမယ် ဆိုပြီး ဒါပေမယ့် မျိုးကောင်း မျိုး သန့်လိုပါတယ်။ တိုင်းဒေသကြီး အနေနဲ့ ကြိုးစားနေပါပြီ။

 မန္တလေးတိုင်းဒေသကြီးရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
=================================
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လက်ရှိပင်မအားဖြင့် လုပ်နေတဲ့ လယ်ယာစီးပွားရေးလုပ်ငန်း၊ ဒါကိုဖြစ်အောင်လဲ အားပေးရမယ်။ လိုအပ်တာတွေလဲ ဖြည့်ပေးရမယ်။ အားပေးတာတော့ လုပ်လို့ရပြီ။ ဖြည့်ပေးတဲ့ အပိုင်းပေါ့၊ ဖြည့်ပေး တဲ့အပိုင်းမှာ ရေရရှိရေးပါပဲ။ရေရရှိ ရေးမှာတော်တော်လေးကို လုပ်ပေး နိုင်ပါပြီ။ ရေရရှိရေးမှာ သဘာဝ ဘေးဒဏ်ကြောင့် ဖြစ်သွားသည် ဆိုဦးတောင်မှ မြန်မြန်ဆန်ဆန် ဖြည့်ဆည်းပေးနိုင်တဲ့ အပိုင်းတွေ ရှိပါပြီ။ မနှစ်ကဆိုရင် လူသုံးရော၊ စိုက်ပျိုးရေးသုံးရော၊ကျွဲနွားသုံးရော ကန်ပေါင်း ၂ဝ၆ကန်၊ သမ္မတကြီး ကို တင်ပြတဲ့အခါ ချက်ချင်းကို လုပ်ပေးတယ်။နောက်တစ်ခါ ၂၁၈ ကန်တူးနေပြီ။ ဆိုလိုတာက လယ် ယာလုပ်ငန်းကို ပြည့်ပြည့်ဝဝလုပ်ဖို့ ရေရရှိရေးကလဲလိုနေတော့ ဒါတွေ လုပ်နေတယ်။ နောက် မြောင်းရရှိ ဖို့၊ ဒါတွေကလဲအဓိကကျပါတယ်။ အဓိကမြောင်းကြီးတွေရဖို့လုပ်ဆောင် နေတာ နှစ်စဉ်ဆိုတော့ တောင်သူ အတွက် ထိရောက်မှုရှိပါတယ်။ နောက်တစ်ခါအားပေးရမယ်ဆိုတဲ့ နေရာမှာ သူတို့ကိုဖြည့်ဆည်းပေးရ မယ့်အရာတွေ ဖြည့်ပေးရမှာပေါ့။ နောက်တစ်ချက်က စက်မှုလုပ်ငန်း ကို ဒီမှာဖွင့်မယ်လို့ပြောလိုက်တာ ပေါ့။ ဒါကလဲ လိုအပ်ချက်တစ်ခုနဲ့ အလုပ်အကိုင်များများရတဲ့ဟာဆို တော့ မဖြစ်ဖြစ်အောင်ကိုဆောင် ရွက်ရမယ့်အပိုင်းပါ။ ပြည်တွင်း ပြည်ပအားလုံးပါပဲ။ ဒါတွေစီစဉ် ဆောင်ရွက်သွားမှာပါ။

The Union Daily

0 comments:

Post a Comment