10.2.14

ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဂျိုဝါချင် ဂေါက်ခ်၏ ကိုယ်ရေး အကျဉ်းနှင့် ဇနီး မစ္စစ် ဒါနီလာ ရှထ်၏ ကိုယ်ရေးအကျဉ်း


မစ္စတာ ဂျိုဝါချင် ဂေါက်ခ်ကို ၁၉၄ဝ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံ၊ မက်ကလန်ဖို့ဖော ပိုမန်ပြည်နယ်ရှိ ရော့စတော့မြို့၌ မွေးဖွားခဲ့သည်။
အဆင့်မြင့်ပညာ ဝင်ခွင့်စာမေးပွဲ (Abitur) အောင်မြင်ပြီးနောက် ခရစ်ယာန် ဘာသာကို လေ့လာခဲ့သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ်ထိ မက်ကလန်ဘတ်ရှိ ဧဝံဂလိလူသာရင် ဘုရားကျောင်းတွင် သင်းအုပ် ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။



ဂျိုဝါချင် ဂေါက်ခ်သည် ငယ်ရွယ်စဉ်ကပင် အရှေ့ဂျာမနီ အတိုက်အခံ အဖွဲ့တွင် ပါဝင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် သူသည် နယူးဖိုရမ် တည်ထောင်သူ တစ်ဦးဖြစ်ခဲ့ပြီး ရော့စတော့တွင် ၎င်းအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူဖြစ်ခဲ့သည်။ သူသည် အရှေ့ဂျာမနီတွင် ကွန်မြူနစ် အုပ်ချုပ်မှု စနစ်အား ဆန့်ကျင်သည့် ဘုရားကျောင်းနှင့် လူထု လှုပ်ရှားမှုများကို စတင် ဦးဆောင်သူများတွင် ပါဝင်သည်။ ငြိမ်းချမ်းရေးအတွက် အပတ်စဉ် ဆုတောင်းပွဲများကို ဦးဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ဘာလင်တံတိုင်း ပြိုကျစေခဲ့သည့် ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သည်။ဖက်ဒရယ် ကော်မရှင်နာအဖြစ် ဆောင်ရွက်ခဲ့သည်။
ဂျိုဝါချင် ဂေါက်ခ်သည် ဗီယင်နာ အခြေစိုက် လူမျိုးရေး ခွဲခြားခြင်းနှင့် နိုင်ငံခြားသား ဆန့်ကျင်မှုများ စိစစ်စောင့်ကြည့်ရေး ဆိုင်ရာ ဥရောပသမဂ္ဂ စိစစ်ရေးဌာန၏ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့တွင် ဂျာမန် အဖွဲ့ဝင်အဖြစ် ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် ဒီမိုကရေစီ အရေးအတွက် မေ့လျော့မှု ဆန့်ကျင်ခြင်းဟု ခေါ်သော Gegen Vergessen-Fur Demokratie အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်လာသည်။

၂ဝ၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ၏ (၁၁)ဦးမြောက် သမ္မတအဖြစ် ပြည်ထောင်စု အထွေထွေ ညီလာခံမှ ရွေးချယ်ခဲ့သည်။

မစ္စတာ ဂျိုဝါချင် ဂေါက်ခ်သည် ၎င်း၏ စွမ်းဆောင်မှုနှင့် ပတ်သက်ပြီး Theodor Heuss တံဆိပ်၊ Geschwister Scholl ဆု၊ Ludwig Borne ဆုနှင့် ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆု အပါအဝင် ဂုဏ်ပြုဆုတံဆိပ် များစွာ ရရှိခဲ့သည်။၎င်းသည် ရော့စတော့၊ ရေနာနှင့် အော့စဘတ်တက္ကသိုလ် များမှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ရရှိခဲ့သည်။

မစ္စစ် ဒါနီလာ ရှထ်၏ ကိုယ်ရေးအကျဉ်း

မစ္စစ် ဒါနီလာ ရှထ်အား ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဂျာမနီ နိုင်ငံ၊ ဟာနောင်း၌ မွေးဖွားခဲ့သည်။ အဆင့်မြင့် ပညာဝင်ခွင့် စာမေးပွဲ (Abitur) ကို ၁၉၇၈ ခုနှစ်တွင် ဟာနောင်းရှိ ကားလ်ရေဘိုင်း ကျောင်းမှ အောင်မြင်ခဲ့သည်။ ယင်း နောက်တွင် သူမသည် နိုင်ငံရေးသိပ္ပံ၊ ဂျာမန်ဘာသာရပ်နှင့် ပြင်သစ်စာပေတို့ကို မိန်းပြည်နယ် ဖရန့်ဖော့မြို့ရှိ ဂျိုဟန် ဝေါ့ဖတ်ဂိုသေး တက္ကသိုလ်တွင် လေ့လာခဲ့ပြီး မဟာ ဝိဇ္ဇာဘွဲ့ကို ၁၉၈၅ ခုနှစ်တွင် ရရှိခဲ့သည်။

၎င်းသည် ဟာနောင်းဝါ သတင်းဌာနတွင် အလုပ်သင် သတင်းထောက်အဖြစ် စတင် လုပ်ကိုင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ၎င်းသည် နျူဘာ့ဂါ သတင်းစာ၏ အလွတ်တန်း သတင်းထောက် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ အလုပ်သင် သတင်းထောက် လေ့ ကျင့်သင်ကြားမှု အပြီး ၁၉၉၂ ခုနှစ်တွင် ယင်းသတင်းစာတိုက်၏ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဂျိုဝါချင် ဂေါက်ခ် သမ္မတအဖြစ် ရွေးကောက် မခံရခင် အထိ ပြည်တွင်း နိုင်ငံရေးဌာန၏ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သည်။

မစ္စစ် ရှထ်သည် ၂ဝဝဝ ပြည့်နှစ်မှစ၍ ဂျိုဝါချင် ဂေါက်ခ်နှင့်အတူ နေထိုင်ခဲ့ပြီး သားသမီး မရှိပါ။

မြ၀တီ

0 comments:

Post a Comment