10.2.14

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ မီးလောင်မှု ပိုင်ရှင်တွေအဖမ်းခံ


လွန်ခဲ့တဲ့တနှစ်ကျော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူ ၁၀၀ ကျော် အသက်ဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံ မီးလောင်မှုမှာ လူ့အသက်ဆုံးရှုံးမှုတွေအတွက် အပြစ်ရှိကြောင်း ရုံးတော်က အမိန့်ချမှတ်ခံရတဲ့ စက်ရုံပိုင်ရှင်နှစ်ယောက်ကို တနင်္ဂနွေနေ့မှာ ဒါကာမြို့အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

၂၀၁၂ ခု၊ နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွက် တာဝန်ရှိသူ ၁၃ ယောက် မှာ သူတို့နှစ်ဦးပါဝင်ခဲ့ပြီး သူတို့ပိုင်တဲ့ Tazreen ဖက်ရှင်အထည်ချုပ်စက်ရုံတွေက Walmart နဲ့ Disney အပါအဝင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက လူသိများတဲ့ အဝတ်အထည်တွေကို ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားချိန်က အဲဒီစက်ရုံတွေမှာ

မီးလောင်မှုအန္တရာယ် ကာကွယ်မှု၊ လုံခြုံရေးပိုင်ဆိုင်ရာ တရားဝင်ခွင့်ပြုလိုင်စင် မရှိတဲ့အပြင် စက်ရုံမှာ အရေးပေါ်ထွက်ပေါက်တွေ မရှိတဲ့အတွက် လူသေဆုံးမှု အများအပြား ရှိခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နိုင်ငံ့ပို့ကုန် ၈၀ % လောက်ဖြစ်တဲ့ နိုင်ငံခြားကို အဝတ်အထည်တင်ပို့ရောင်းချမှုကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ လောက် ရရှိနေတာ ဖြစ်ပါတယ်။

လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံမီးလောင်မှုကြောင့် ဖမ်းဆီးခံရသူ ပိုင်ရှင်နှစ်ဦးအနက် တစ်ဦးဖြစ်သူ မစ္စတာ Delwar Hossain(ဖေဖော်ဝါရီ ၉၊ ၂၀၁၄)

VOA

0 comments:

Post a Comment