10.2.14

ဒါရင်းဘန့်၏ နောက်ကျ ချေပဂိုးကြောင့် သရေတစ်မှတ်သာ ရခဲ့သည့် မန်ချက်စတာယူနိုက်တက်


ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) မန်ချက်စတာယူနိုက်တက်နှင့် ဖူဟမ်ပွဲစဉ်တွင် တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ပြီးဆုံးသွားခဲ့သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ရာဖေးလ်၊ စမောလင်း၊ ဗီဒစ်၊ အီဗရာ၊ မာတာ၊ ကာရစ်၊ ဖလက်ချာ၊ ယန်း၊ ရွန်နီ၊ ဗန်ပါစီတို့ ပွဲထွက်ပါဝင်ခဲ့သည်။

ဖူဟမ်တွင် စတီကီလန်ဘတ်၊ ရီသာ၊ ဘန်း၊ ဟိုင်တင်ဂါ၊ ရီဆီ၊ တန်နီကလစ်ဖ်၊ ဆစ်ဒ်ဝဲလ်၊ ဗစ်၊ ရစ်ချတ်ဆန်၊ ဟော့ဘီ၊ တန်ကိုဗစ် တို့ပါဝင်ကစားခဲ့သည်။



ပထမပိုင်းတွင် ယူနိုက်တက်က ဖူဟမ်အသင်းဘက်သို့ တိုက်စစ်ဆင် ဖိကစားခဲ့သော်လည်း ၁၉ မိနစ်တွင် ဧည့်သည်အသင်းက မမျှော်လင့်ဘဲ အဖွင့်ဂိုး ရရှိသွားသည်။ အဆိုပါဂိုးကို ၁၉ မိနစ်တွင် ဆစ်ဒ်ဝဲလ်က ဟော့ဘီ၏ ပေးပို့မှုမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။ ၂၁ မိနစ်တွင် ယူနိုက်တက်က ချေပဂိုး ရရှိမည့် အခွင့်အရေး ရခဲ့သော်လည်း ရာဖေးလ်၏ ဖြတ်တင်ဘောကို ဗန်ပါစီ ပိတ်သွင်းရန် ကြိုးစားရာ ဂိုးဘေးမှ ထွက်သွားခဲ့သည်။ ၂၉ မိနစ်တွင် ရွန်နီ၏ ဖြတ်တင်ဘောကို ရီသာ ခေါင်းတိုက် ဖျက်ထုတ်ရာ ကာရစ် ရရှိသွားပြီး မြေမကျ ကန်သွင်းသော်လည်း ဂိုးဘေးထွက်ခဲ့သည်။ ၃၆ မိနစ်တွင် ဖူဟမ်က ဒုတိယဂိုး ရရှိရန် နီးစပ်ခဲ့ပြီး တန်ပြန်တိုက်စစ်မှ တန်ကိုဗစ် ပေးပို့သည့် ဘောလုံးကို ရစ်ချတ်ဆန် ကန်သွင်းရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။

ဒုတိယပိုင်းတွင် ယူနိုက်တက်က ရာဖေးလ်၊ ဖလက်ချာ၊ ယန်း တို့အစား ဗလင်စီယာ၊ ဟာနန်ဒက်ဇ်၊ ဂျနူဇက်တို့ကို ထည့်သွင်းပြီး ကစားပုံ ပြောင်းလဲခဲ့သည်။ ၅၆ မိနစ်တွင် မာတာ ပေးပို့သည့် ဘောလုံးကို ရွန်နီ အပိုင်ကန်သွင်းသော်လည်း ဖူဟမ် ဂိုးသမား အကောင်းဆုံး ပုတ်ထုတ်ကာကွယ်ခဲ့သည်။ ယူနိုက်တက် အတွက် ချေပဂိုးကို ၇၈ မိနစ်တွင် ဗန်ပါစီက မာတာ၏ ပေးပို့မှုမှ တစ်ဆင့် ပိတ်သွင်းယူခဲ့သည်။ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို ၈၀ မိနစ်တွင် ကာရစ်က ကိုက် ၂၀ အကွာမှ ကန်သွင်းယူခဲ့သည်။ သို့သော်လည်း ဖူဟမ်က နာကျင်အချိန်ပို ၄ မိနစ်တွင် ချေပဂိုး သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ပြီးဆုံးသွားခဲ့သည်။

Ref: Goal
Soccer Myanmar

0 comments:

Post a Comment