10.2.14

NLD ကျန်းမာရေးကွန်ရက် ဂီတရန်ပုံငွေပွဲတွင် ကျပ်သိန်း ၈၀၀ နှင့် လူနာတင်ယာဉ်တစ်စီးရရှိ..



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမျိုးသားကျန်းမာရေးကွန်ရက်၏ နှစ်ပတ်လည် ရန်ပုံငွေဂီတဖျော် ဖြေပွဲတွင် အလှူငွေ ကျပ်သိန်း ၈၀၀ ကျော်နှင့် လူနာတင်ယာဉ်တစ်စီး လက်ခံရရှိခဲ့သည်ဟု ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။

ဒေါက်တာတင်မျိုးဝင်းက “လူနာတင်ကားတစ်စီးလည်း အလှူခံရရှိခဲ့ပါတယ်။ အဲဒီကားကို ခွဲစိတ်ခန်း အသေးစားပါတဲ့ ကားဖြစ်အောင် ပြင်ဆင်ပြီး အရေးပေါ် ကျန်းမာရေးဆေးကုသမှုတွေမှာ အသုံးပြုသွား မှာပါ။ တစ်လကနေ နှစ်လအတွင်း အကောင်အထည်ဖော်နိုင်အောင် စီမံဆောင်ရွက်သွားမှာပါ”ဟု ဆို သည်။
ဂျပန်နိုင်ငံက အလှူရှင်တစ်ဦးလှူဒါန်းခဲ့သည့် အဆိုပါကားမှာ လက်ရှိအချိန်တွင် လက်ခံရရှိခြင်း မရှိသေး ပေ။ ရန်ပုံငွေပွဲမှရရှိသည့် အလှူငွေများကိုမူ ကွန်ရက်တွင် လိုအပ်သည့်နေရာများ၌ အသုံးပြုသွားမည် ဖြစ်သည်။

လှူဒါန်းထားသည့် လူနာတင်ကားကို လက်ခံရရှိပြီးပါက ခွဲစိတ်ခန်းအသေးစားပါဝင်သည့် ကားပြုလုပ်ရန် လိုအပ်သည့် စက်ပစ္စည်းများ ၀ယ်ယူရဦးမည်ဖြစ်ပြီး ယင်းပစ္စည်းများ ထပ်မံဝယ်ယူရန်အတွက် အကြမ်း ဖျင်းအားဖြင့် သိန်း ၄၀၀ ခန့် ကုန်ကျဦးမည်ဖြစ်သည်ဟုလည်း ကွန်ရက် ဒုတိယဥက္ကဋ္ဌ(၃) ဒေါက်တာမြ သော်က ပြောသည်။

“ခွဲစိတ်ခန်းအသေးစားပါဝင်တဲ့ ကားကိုတော့ ဘယ်နေရာမှာသုံးမလဲ သေချာမသိရသေးပေမယ့် အန်တီ စုရဲ့ မဲဆန္ဒနယ်မြေမှာပဲ သုံးဖြစ်ဖို့များမှာပါ။ ရန်ကုန်မှာက အရေးပေါ်ဆေးကုသမှု ပြုလုပ်နိုင်သော (Emergency Medical Services) ကားတစ်စီးလည်း ရှိနေပြီမို့လို့ပါ။ ရရှိထားတဲ့ အလှူငွေတွေကို ကွန် ရက်အတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာပါ”ဟု ဒေါက်တာမြသော်က ဆိုသည်။

ဖေဖော်ဝါရီ ၈ ရက်တွင် လက်ခံရရှိသော လူနာတင်ယာဉ်ကို ခွဲစိတ်ခန်းကားအဖြစ် အသုံးပြုမည်ဖြစ်ပြီး၊ ယခင်ရှိနေသော ယာဉ်တစ်စီးကို အရေးပေါ်ဆေးကုသမှု ပြုလုပ်နိုင်သော(EMS) ယာဉ်အဖြစ် အသုံးပြု မည် ဖြစ်သည်။ အဆိုပါကားများအပါအ၀င် NLD ကျန်းမာရေးကွန်ရက်တွင် လူနာတင်ယာဉ်သုံးစီး ရှိပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်၏ နှစ်ပတ်လည် ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကို ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက ရန်ကုန်မြို့ အရှေ့မြင်းပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ကွင်းတွင် ပြုလုပ် ကျင်းပခြင်းဖြစ်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

NLD အမျိုးသားကျန်းမာရေးကွန်ရက်ကို မြန်မာနိုင်ငံတွင် အဖြစ်များသည့် ရောဂါများအား ကာကွယ်ရေး အဓိကထား ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသုတေသနလုပ်ငန်းများနှင့် တိုင်းရင်းဆေးအပါအ၀င် အခြားသုတေသနလုပ်ငန်းများတွင် အားပေးကူညီရန်နှင့် ပါဝင်ဆောင်ရွက်ရန် အစရှိသည့် ရည်မှန်းချက် ၁၁ ချက်ဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

NLD အမျိုးသားကျန်းမာရေးကွန်ရက်မှ လက်ရှိအချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် ဦးရေ မှာ ၁၀၀,၀၀၀ နီးပါးခန့်ရှိပြီဖြစ်သည်ပာုလည်း ကွန်ရက်ကသိရသည်။
 

0 comments:

Post a Comment