10.2.14

အန္တရာယ်ရှိ အဆောက်အအုံများ ပြန်မဆောက်ပါက စာရင်းမှ ပယ်ဖျက်မည်

ရန်ကုန်မြို့တွင်းမှ အန္တရာယ်ရှိ အဆောက်အအုံ (DB) များနေရာတွင် အဆောက်အအုံသစ် ပြန်လည် တည်ဆောက်ခြင်း မရှိပါက အန္တရာယ်ရှိ အဆောက်အအုံ စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။
အဆိုပါ အဆောက်အအုံများကို အသစ်ဆောက်လုပ်မည် ဆိုပါက ပြန်လည် တည်ဆောက်မည့် ပုံစံကို မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ လာရောက် တင်ပြရမည့် ကြေညာချက်ကို ထုတ်ပြန်တော့မည် ဖြစ်ကြောင်း သိရသည်။ ပြန်လည် တည်ဆောက်ရေး အတွက် တင်ပြချက်များကို သုံးလ သို့မဟုတ် ခြောက်လအထိ စောင့်ဆိုင်းရန် သတ်မှတ်ထားပြီး ဆောက်လုပ်ခြင်း မရှိပါက အဆောက်အအုံ ဆောက်လုပ်ခွင့် ဆုံးရှုံးမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည် တည်ဆောက်ရာ၌ ပေ ၅ဝ အောက် အကျယ်အဝန်းတွင် ယာဉ်ရပ်နားနေရာ ထည့်သွင်းရန် မလိုသော အခွင့်အရေးများ ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။အန္တရာယ်ရှိ အဆောက်အအုံ စာရင်းမှ ပယ်ဖျက်ခံရပါက ပြန်လည် ဆောက်လုပ်ရာတွင် မြေညီထပ်ကို ယာဉ်ရပ်နား နေရာအဖြစ် ထည့်သွင်း ဆောက်လုပ်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။
Reposted by Junia Min 

0 comments:

Post a Comment