18.8.13

ချင်းမိုင်-ဘန်ကောက် မီးရထား လမ်းပိုင်းအား ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့

ထိုင်းနိုင်ငံ ချင်းမိုင်း-ဘန်ကောက် ရထားလမ်းပိုင်းကို ပြည်နယ် မီးရထားအာဏာပိုင်တွေက ပြန် လည်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။ အဆိုပါ မီးရထားလမ်းပိုင်းဟာ ပြီးခဲ့တဲ့ သောကြာနေ့ညက ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော်မှုကြောင့် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။



ရထား လမ်းပိုင်းကို ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ပြည်နယ် မီးရထားဌာနမှ ၀န်ထမ်း ၅၀ကျော်ဟာ Khun Tan နဲ့ Mae Tan Noi ဘူတာရုံအကြားက ပျက်စီးနေတဲ့ မီးရထားလမ်းပိုင်းသို့ သွားရောက်ပြီး ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပျက်စီးမှု အခြေအနေဟာ အနည်းငယ် ဆိုးရွားနေတဲ့အတွက် တာဝန်ရှိသူတွေက အချိန်ယူပြန်လည် ပြင်ဆင်ခဲ့ရပြီး ပုံမှန်ရထားပြေးဆွဲမှုတွေကိုတော့ ပြီးခဲ့တဲ့ စနေနေ့ နေ့လည်ပိုင်းမှာ ပြန်လည် စတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Mrtv-4

0 comments:

Post a Comment