18.8.13

ထူးဖောင်ဒေးရှင်း၏ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပညာရေးအလှူ

ထူးဖောင်ဒေးရှင်းသည် ကချင်ပြည်နယ်အတွင်းရှိစစ်ဘေးရှောင်ဒုက္ခသည် စခန်းများရှိ အခြေခံပညာ သင်ကြားနေကြသော ကျောင်းသားများအတွက် အဓိကလိုအပ်ချက်များကိုဦးစားပေးစဉ်းစားကာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီစဉ်ခဲ့ပါသည်။ ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်း (၁၀၀)ခန့်တွင် ခိုလှုံနေကြည့် ဒုက္ခသည်မိသားစုပေါင်း (၉၀၀၀) ခန့်တွင် ပညာသင်ကြားေ နကြေ သာ ကျောင်းသားေ ကျာင်းသူဦးရေမှာ(၁၀၀၀၀) ကျော်ရှိပါသည်။

စစ်ဘေးကြောင့်ကျောင်းပြောင်းကာ ပညာသင်ကြားကြ သည့် ကျောင်းသား များနှင့် လက်ခံသင်ကြားပေးကြသည့်စာသင်ကျောင်းများ အတွက် အဓိကလိုအပ်ချက်မှာ ကျောင်းသုံးစာရေးကိရိယာများအပြင် စာရေးစားပွဲ ၊ကုလားထိုင်အစရှိသည့် ပရိဘောဂများဖြစ်ပေသည်။ စာရေးကိရိယာများအတွက်အလှူရှင်များရှိသော်လည်း ပရိဘောဂ အလှူရှင်နည်းသဖြင့် စာသင်ကျောင်းများတွင်စာသင်ခုံ လိုအပ်ချက်ရှိနေဆဲဖြစ်ပါ သည်။

ယခုကဲ့သို့ငြိမ်းချမ်းရေးဖော်ဆောင်နေဆဲကာလတွင် ကျောင်းသား၊ကျောင်းသူလေးများ၏ပညာသင်ကြားရေးမှာ စာသင်ကျောင်းများ ၊ဒုက္ခသည် စခန်းများတွင် နည်းလမ်းပေါင်းစုံဖြင့် အခက်အခဲများရှိနေဆဲ ၊လိုအပ်ချက်များ ရှိနေဆဲဖြစ်ပါသည်။ ထူးဖောင်ဒေးရှင်းနာယကဦးတေဇသည် ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများရှိ ကျောင်းသားကျောင်းသူများ တက်ရောက်နေသော အခြေခံပညာကျောင်းများတွင်အသုံးပြုနိုင်ရန်အတွက် စာသင်ခုံနှင့်ထိုင်ခုံအစုံပေါင်း(၄၀၀) နှင့် မြစ်ကြီးနားမြို့ရှိ နန်းကွေ့ (စိန့်ယောဟန်) စစ်ဘေးရှောင်စခန်း အတွက်စာသင်ခုံနှင့်ထိုင်ခုံ အစုံပေါင်း (၁၀၀) ၊စုစုပေါင်း အစုံ(၅၀၀) အတွက် ကျပ် (၁၁,၂၅၀,၀၀၀) ကို ကချင်ပြည်နယ် အစိုးရအဖွဲ့ ၊လူမှုရေးဝန်ကြီးဒေါ်ဘောက်ဂျာမှ တဆင့် စာသင်ကျောင်းများသို့ခွဲဝေလှူဒါန်းပေးနိုင်ရန်အတွက် လက်ရောက် လှူဒါန်းခဲ့ပါသည်။ ထူးဖောင်ဒေးရှင်းသည် ယခုကဲ့သို့တစ်ဘက်တစ်လမ်းမှ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများရှိပညာသင်ကြားနေကြသော ကျောင်းသား
ကျောင်းသူလေးများ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်စေရန် အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးခွင့်ရရှိခဲ့ရသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ရကြောင်းကိုမျှဝေအပ်ပါသည်။

Htoo Foundation

0 comments:

Post a Comment