18.8.13

ပွဲဦးထွက် အနိုင်ရမှုအပေါ် အကြီးအကျယ်အောင်ပွဲခံရန် အကြောင်းမရှိဟု မိုယက်စ်ဆို

မိုယက်စ်၏ ယူနိုက်တက် မန်နေဂျာဘဝ ပရီးမီးယားလိဂ် ပွဲဦးထွက် ကိုင်တွယ်မှုသည် ရော်ဘင်ဗန်ပါစီနှင့် ဒန်နီဝဲလ်ဘက်တို့ သွင်းယူသည့် (၂)ဂိုးစီကြောင့် (၃)မှတ် အပြည့်ဖြင့် တာထွက်လှခဲ့

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာအဖြစ် ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်တွင်

အနိုင်ရခဲ့သည်ကို ဒေးဗစ်မိုယက်စ်က ပျော်ရွှင်နေသော်လည်း အကြီးအကျယ် အောင်ပွဲခံနေစရာ အကြောင်းမရှိသေးဟု ပြောကြားလိုက် သည်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတို့သည် Capital One ချန်ပီယံ ဆွမ်ဆီးစီးတီးကို အဝေးကွင်း လေဘာတီတွင် (၄-၁)ဖြင့် အနိုင်ရပြီး လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်လျှက် ရှိသည်။ မိုယက်စ်၏ ယူနိုက်တက် မန်နေဂျာဘဝ ပရီးမီးယားလိဂ် ပွဲဦးထွက် ကိုင်တွယ်မှုသည် ရော်ဘင်ဗန် ပါစီနှင့် ဒန်နီဝဲလ်ဘက်တို့ သွင်းယူသည့် (၂)ဂိုးစီကြောင့် (၃)မှတ် အပြည့်ဖြင့် တာထွက်လှခဲ့သည်။ မိုယက်စ်က ယင်းအနေအထားကို ပျော်ရွှင်သော်လည်း ယခုနိုင်ပွဲသည် ကာလရှည် ဖြတ်သန်းမှုကြီး၏ အစသာ ရှိသေးသည်ကို နားလည်ကြောင်း ပြောဆိုသွားသည်။

စကော့သား မန်နေဂျာက Sky Sportsနှင့် အင်တာဗျူးတွင် ယူနိုက်တက်လို အသင်းရဲ့ မန်နေဂျာအတွက် အဓိက တာဝန်က အနိုင်ရနေဖို့ပဲ။ ဆွမ်ဆီး ဟာ ဘောလုံးဖြန့်ဝေမှု ကောင်းကောင်းနဲ့ ကစားခဲ့ပါတယ်။ သူတို့ဟာ မန်နေဂျာ မိုက်ကယ်လော့ဒရပ်ရဲ့ ဦးဆောင်မှုအောက်မှာ အများကြီး တိုးတက်လာတဲ့ အသင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ အခွင့်အရေး နည်းနည်းပဲရအောင် ကန့်သတ် ကစားနိုင်ခဲ့တယ်ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "အသင်းက အရည်အသွေး ပြည့်ဝတဲ့ ဂိုးတွေ သွင်းနိုင်လို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ခုချိန်မှာ တစ်ပွဲပဲ ရှိပါသေးတယ်။

ကျွန်တော့်အတွက် အစပြုမှု တစ်ခုထက် မပိုသေးဘူး။ သွားရမယ့် လမ်းက အရှည်ကြီးပါ။ နိုင်ပွဲအတွက် ပျော်ပေမယ့် ကြီးကြီးကျယ်ကျယ် အောင် ပွဲခံနေစရာတော့ မရှိပါဘူး။ အသင်းသားတွေ အကောင်းဆုံး လုပ်ခဲ့တာကိုတော့ ကျေနပ်မိပါတယ်ဟုလည်း ဆိုသည်။

ယခုပွဲတွင် ယူနိုက်တက်နှင့် အနာဂတ် မရေမရာဖြစ်နေကြောင်း သတင်းထွက်နေသည့် တိုက်စစ်မှူး ဝိန်းရွန်နီမှာ ဒုတိယပိုင်းတွင် လူစားလဲ ပါဝင်ခဲ့ပြီး ဂိုး(၂)ဂိုးအတွက် ဖန်တီးမှုများ ပြုလုပ်ပေးခဲ့သည်။ ရွန်နီကို အဝေးကွင်းသို့ လိုက်ပါအားပေးသည့် ယူနိုက်တက် ပရိသတ်များ က နွေးထွေးစွာ အားပေးခဲ့ကြသည်။

မိုယက်စ်က ရွန်နီက ပွဲချိန်ပြည့် ကစားဖို့ ကြံ့ခိုင်မှုပိုင်း အဆင်သင့် မဖြစ်သေးပါဘူး။ စကော့တလန်နဲ့ ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် သူက (၆၅)မိနစ် ကစားပေးထားပါတယ်။ ခုပွဲမှာ ရွန်နီအနေနဲ့ ပွဲမှာ ဝင်ကစားရင် အကောင်းဆုံး လုပ်ပြနိုင်မယ်လို့ ထင်တာကြောင့် အသုံးပြုခဲ့တာပါ။ ဗန်ပါစီရဲ့ တတိယဂိုးမှာ သူ့ရဲ့ လှုပ်ရှားပုံက အရမ်းကောင်းပါတယ်။ ပြီးတော့ ဝဲလ်ဘက် သွင်းတဲ့ အပိတ်ဂိုးကိုလည်း ကောင်းကောင်း ဖန်တီးပေးခဲ့တယ်။ ရွန်နီအ တွက် ကျေနပ်စရာ အချိန်တွေပါပဲ။ အသင်းမှာ ရှိသူတိုင်းက ရွန်နီ ဝင်ကစားသွားတာကို ပျော်ရွှင်ကြပါတယ်"ဟုလည်း ပြောကြား
သွားသည်။

Planet Myanmar Network

0 comments:

Post a Comment