26.2.14

တောင်ကြီးမြို့အ၀င်ဂိတ်တွင် စိတ်ကြွဆေးပြားများနှင့် လက်နက်များ ဖမ်းဆီးရမိ


Wednesday, February 26, 2014

တောင်ကြီးမြို့အ၀င်ဂိတ်တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးဝါး
များနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာ
တာဝန်ရှိသူများထံမှ သိရသည်။


နမ့်စန်မှတက်လာသော Hilux 4W အနက်ရောင်ကားတစီးပေါ်တွင် လိုက်ပါလာသော အမျိုးသားလေးဦးအနက် တောင်ကြီးမြို့ သီရိမင်္ဂလာဦးရပ်ကွက်တွင် နေထိုင်သည့်တဦးထံမှ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေး ပြား (၈၇၀) ပြား တန်ဖိုးငွေ နှစ်ဆယ့်ခြောက်သိန်းကျော်ခန့် ၊ခါ့ခူးအလေးချိန် (၅၀) ဂရမ် တန်ဖိုးငွေကျပ်နှစ်သောင်းဝန်းကျင် ခန့်တို့အား ပြီးခဲ့သည့်အပတ်က အာဏာပိုင်များက စစ်ဆေးရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း ကိုယ်တိုင်မြင် တွေ့ရသည့် စိုင်းအိုက်ထွေး ကပြောသည်။

မူးယစ်ဆေးများသယ်ဆောင်သူ အမျိုးသား၏ခါးကြားမှလည်း အမေရိကန်နိုင်ငံလုပ် WALTHER-380 ACB အမျိုးအစား ပစ္စတို သေနတ်တစ်လက်၊ ကျည် ၇ တောင့်နှင့် ကျည်ဘောက်တစ်ခု၊ RAMI-9MM အမျိုးအစား ပစ္စတိုတစ်လက် ၊ ကျည်ခြောက်တောင့် ၊ ကျည်ဘောက်တစ်ခု တို့ကိုပါ ရှာဖွေတွေ့ရှိခဲ့သည်ဟု သက်ဆိုင်ရာ အာဏာပိုင်တဦးကလည်း ဆိုပါသည်။

Panglong(Burmese)

0 comments:

Post a Comment