26.2.14

စီးကရက် ၁ဝဝ၊ ယမကာ ၅ဝ ရာခိုင်နှုန်း ကောက်ခံမည့်ဥပဒေကြမ်း တင်သွင်း

 အခွန်ငွေ ကောက်ခံမှုများနှင့် ပတ်သက်ပြီး စီးကရက်ကို ၁ဝဝ ရာခိုင်နှုန်း၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီး ဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးများ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့ကို ၅ဝ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ကို ရှစ်ရာခိုင်နှုန်း ကျသင့်မည့် ၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလိုက်သည်။

အခန်း (၇) ခန်း၊ အပိုဒ် ၃၉ ပိုဒ် ပါဝင်သည့် အဆိုပါဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စု လွှတ် တော်၊ နဝမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အထူးကုန်စည်များဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ ကုန်စည်များနှင့် စပ်လျဉ်း၍ ပြည်ပမှ တင်သွင်း သည့် ကုန်စည်ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင်လည်းကောင်း၊ နိုင်ငံတော်အတွင်း ထုတ်လုပ် သောကုန်စည်ဖြစ်လျှင် ရောင်းရငွေအပေါ်တွင် လည်းကောင်း၊ ယင်းတို့နှင့်အတူ ယှဉ်တွဲဖော်ပြပါ ရာခိုင် နှုန်းဖြင့် အခွန်ကျ သင့်စေရမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဥပဒေပါ အခွန်အကောက်နှုန်းများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ဆောင်ရွက်လိုလျှင် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် ပြည် ထောင်စုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်နိုင်ရေးအတွက် တင်သွင်းရမည်ဟု ပြဋ္ဌာန်းထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment