26.2.14

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့ပါက ၀န်ကြီး များ celebrity အချို့ ကို ခေါ်အိပ် သည့် ကိစ္စ မျိုး ကိုပါ အရေး ယူ နိုင်ဟု ဦးသိန်းညွန့် ပြော



လာဘ် ပေးလာဘ် ယူမှု ပ ပျောက် ရေး ကော်မရှင် အစား အဂတိ လိုက်စား မှု တိုက်ဖျက် ရေး ကော်မ ရှင် ဖွဲ့ စည်း ပါက ၀န်ကြီး များ လုပ်ကိုင် ခွင့်ချ ပေးပြီး celebrity အချို့ကို ခေါ်အိပ် သည့် ကိစ္စမျိုး ကို ပါ ပိုမို အ ရေး ယူ၍ ရကြောင်း ပြည်သူ့ လွှတ်တော်၊ တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်း ရေး ကော်မတီ အဖွဲ့  ၀င် ဦးသိန်းညွန့် က ပြောသည်။


လက်ရှိတွင် နိုင်ငံတော်သမ္မတမှ လာဘ် ပေးလာဘ်ယူမှု ပပျောက်စေရန် ရည်ရွယ်၍ လာဘ်ပေးလာဘ် ယူ မှု ပပျောက်ရေး ကော်မ ရှင် ဖွဲ့ စည်းရန် အမည်များနှင့် ကိုယ်ရေး ရာဇ၀င် အချက် အလက် ပါဝင် သည့် သ ၀ဏ် လွှာကို ပေးပို့ခဲ့ရာ ပြည်ထောင်စု လွှတ်တော် မှ အတည်ပြုသည်။ လာဘ်ပေး လာဘ်ယူနဲ့ မတူတဲ့အ ချက် က တော့ သူကငွေကြေးလက်ဆောင် ပစ္စည်းပေးရုံတင်မကဘူး။ အဂတိ လိုက်စားမှု ဆိုတာက ဥပမာ- ငွေတော့ မယူဘူးပေါ့။ အရင်က ကြားဖူးတဲ့ ပုံပြင်ပဲခေါ်ခေါ် ဒဏ္ဍာရီ ပဲခေါ်ခေါ်၊ တကယ့် ဖြစ်ရပ် ပဲခေါ်ခေါ်ပေါ့၊ သက် ဆိုင် ရာ လုပ်ပိုင်ခွင့်ရှိတဲ့ ၀န်ကြီးတွေက လုပ် ပိုင်ခွင့် ချပေးဖို့ အတွက် အချို့ celebrity ဖြစ် တဲ့ သူတွေ ကို ခေါ်အိပ် တယ် ဆိုတဲ့ ကိစ္စမျိုး တွေ အဂတိလိုက်စားမှုကျရင် ပိုပြီးတော့ အရေးယူလို့ ရတယ်”” ဟု ၎င်းက ပြောကြားခဲ့ သည်။ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့ စည်းရာတွင် သမ္မတ မှ ရွေးချယ် သော လူပုဂ်္ဂိုလ် ငါး ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ ရွေးချယ်သော လူပုဂ်္ဂိုလ်ငါးဦး၊ အမျိုး သား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်သော လူပုဂ်္ဂိုလ်ငါးဦးတို့ပါဝင်ပြီး ဥက္ကဋ္ဌနေရာတွင် ဦးမြ၀င်း (စစ်မှုထမ်း အငြိမ်းစား) နှင့် အတွင်း ရေးမှူး အဖြစ် ဦးတင် ၀င်း တို့က တာဝန်ယူ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရ သည်။

သမ္မတက ဒီဟာကို ဖွဲ့ လိုက်တဲ့အတွက် သူ့ရဲ့ ရဲရင့် ပြတ်သားတဲ့ လုပ်ရပ် တစ်ခု လို့ မြင်တာပါတယ်။ မြန်မာ နိုင်ငံမှာက လာဘ် လာဘ် ပေး လာဘ်ယူတွေက ဟိုး အောက်ခြေ ကနေ အထက် ထိအောင် ကြီးမား ကျယ် ပြန့် စွာ ပြန့်နှံ့နေတာကို တိုက်ဖျက်တော့မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် ဒီအဖွဲ့ ကို ဖွဲ့ တာလို့ ယုံ ကြည်တယ်။ ဒီအဖွဲ့ ဟာ အင်ဒိုနီး ရှားလို၊ လာဘ်ပေးလာဘ်ယူ ဥက္ကဋ္ဌ မပြုတ် သွားအောင် လို့ ကတော့ လိုပါ တယ်။ အဲဒီအဖွဲ့  က တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလို့ မဖြစ်ဘူး။မျက်နှာကြီးငယ်မရွေး၊ လာဘ်ပေးလာဘ်ယူ မှုကို ဖော်ထုတ်စစ်ဆေးသင့်တယ်။ ဒါမှ မြန်မာပြည်ဟာ ဒီကိစ္စတွေ ပပျောက်မှာ ပေါ့”” ဟု အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေက ပြောသည်။

ကုလသမဂ္ဂ အဂတိလိုက်စားမှု ဆိုင်ရာ ကွန်ဗန်းရှင်းကို မြန်မာ နိုင်ငံမှ ပါဝင်ခဲ့ပြီး နောက် အဆိုပါ စနစ် များ ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အဂတိလိုက် စားမှု တိုက်ဖျက် ရေး ဥပဒေကို ၂၀၁၃ခုနှစ် စက် တင် ဘာ (၇) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ နောက် နိုဝင်ဘာ (၁၇) ရက်နေ့ တွင် စတင် အာဏာ တည်ပြီး နောက် ယင်းဥပဒေအရ လာဘ်ပေးလာဘ်ယူ မှုပပျောက်ရေး ကော်မရှင်ကို ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။
Messenger

0 comments:

Post a Comment