26.2.14

အာခါတိုင်းရင်းသားများမှ ပုံစံ(၁၀)နှင့် မှတ်ပုံတင်များ၏ ကိုးကွယ်သည့် ဘာသာတွင် "နတ်"အစား "အာခါဇန်း"ဟု ပြောင်းလဲ သုံးနှုန်းပေးရန် တင်ပြထားရှိ



၂၆.၂.၂၀၁၄

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အများအပြားနေထိုင်လျှက်ရှိသည့် တိုင်းရင်းသားများအနက် အာခါတိုင်းရင်းသားများသည်လည်း အပါအ၀င်ဖြစ်ရာ ၎င်းတို့၏ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဘာသာတရားနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အိမ်ထောင်စုစာရင်း ပုံစံ (၁၀) နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမှာ ဘာသာ ဟူသော နေရာတွင် "နတ်"ဟု ခေါ်ဝေါ်သုံးနှုန်းထားသည့် ကိစ္စနှင့် ပတ်သက်၍ "နတ်"ဟု သုံးနှုန်းမည့်အစား "အာခါဇန်း"ဟုသာ ပြောင်းလဲ၍ သုံးနှုန်းပေးရန်အတွက် အာခါတိုင်းရင်းသားများကိုယ်စား တာချီလိတ်မြို့ အာခါဇန်းစောင့်ရှောက်ရေး နာယကတစ်ဦးဖြစ်သူ ဦးမင်းညိုက ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန သို့ တင်ပြထားကြောင်း သိရသည်။


အိမ်ထောင်စုစာရင်း ပုံစံ (၁၀) နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် ဘာသာ နေရာ၌ "နတ်"ဟု သုံးနှုန်းထားခြင်းသည် တစ်ချိန်က မဖွံ့ဖြိုး မတိုးတက်၊ အသိပညာ မကြွယ်ဝမှီကာလက ခေါ်ဝေါ် သုံးနှုန်းခဲ့ကြတာဖြစ်ပြီး ယခု ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသည့် နောက်ပိုင်းမှာ ကိုးကွယ်သည့် ဘာသာနေရာ၌ "နတ်" အစား "အာခါဘာသာတရား"ဟု အဓိပ္ပာယ်သက်ရောက်သည့် "အာခါဇန်း"ဟုသာ ပြောင်းလဲသုံးနှုန်းစေလိုကြောင်း ပြည်နယ်လ၀ကသို့ တင်ပြထားသည့် အချက်အလက်အရ သိရှိရသည်။

Tachileik Online News

0 comments:

Post a Comment