26.2.14

ဆေးလိပ်ပြတ်လေ ပျော်ရွှင်လေ



ဆေးလိပ် ကို အပျော် သောက်သူ ပဲဖြစ် ဖြစ်၊ စွဲနေ လို့ သောက်သူ ပဲဖြစ်ဖြစ် ဆေးလိပ် ဖြတ်လိုက် ခြင်း သည် စိတ် ကို ပို ပျော်ရွှင် အင် အား ရှိစေ သည်ဟု လေ့လာ မှု စစ်တမ်း များက ဖော်ပြ သည်။ စိတ်ကျ စိတ် ဖိ စီး ဒဏ် ခံ နေရ သူတစ် ဦး စိတ်ကျ ဒဏ်ခံ ကုထုံး များ ခံယူ လိုက် လို့ စိတ်ပြန် တက်လာ ခြင်း နှင့် ရလဒ် ဆင် တူ နီးပါး ရှိကြောင်း စစ်တမ်း များက ထောက်ပြ သည်။


စစ်တမ်းကို ဗြိတိန်နိုင်ငံ ဘာမင်ဂမ် တက္ကသိုလ် ကျန်းမာရေးနှင့် လူဦး ရေဆိုင်ရာ သိပ္ပံဌာန သုတေသန အ ဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။ ဆေးလိပ်သောက်သူများ၏ စိတ် အခြေအနေကို စောင့်ကြည့်လေ့လာထား သော စစ်တမ်း ၂၆ စောင်ကို ပြန်ပေါင်းစု လေ့ လာကာ စစ်တမ်း သစ် တစ်ရပ် ပြုစု ခြင်းဖြစ် သည်။ ဆေးလိပ် သောက် သူများ၏ စိတ်ဖိစီးမှု၊ စိတ်ကျမှု၊ စိတ်ရှုပ်ထွေးမှု၊ ဘ၀ပျော်ရွှင်မှု စသည်တို့ကို ပေါ်လွင် စေမည့် မေးခွန်း များ စီစဉ်ကာ ဖြေကြားထားမှုများကို အမှတ်ပေး အဆင့်ခွဲ၍ စိတ် အခြေ အနေ ကို သတ်မှတ် ခြင်း ဖြစ်သည်။ စစ်တမ်း ၂၆ စောင် တွင် ပါဝင် သော ဆေးလိပ် သောက် သမား များ သည် ပျမ်းမျှ အသက် ၄၄ နှစ် ရှိ၍ တစ် ရက် ကို ၁၀ လိပ်မှ ၄၄ လိပ်ကြား သောက်သုံးသူများဖြစ်သည်။ ဆေးလိပ်သောက်နေစဉ် စစ်တမ်း ကောက်ယူ သလို၊ ဆေးလိပ်ဖြတ်လိုက်ကြပြီး နောက် တွင်လည်း စစ်တမ်းကောက်သည်။ ဆေးလိပ် ဖြတ် လိုက်ပြီး နောက် ပိုင်း စိတ်အခြေအနေနှင့် ဘ၀ပျော်ရွှင်မှုကို ခြောက်လခြားစီ စစ်တမ်း ကောက်ယူသည်။

ဆေးလိပ် အောင်မြင်စွာ ဖြတ်လိုက်နိုင် သူများ ဖြေဆိုထားသည့် အဖြေ များကို အမှတ် ပေး အကဲဖြတ် ကြည့် ရာ ထိုသူများသည် ဆေးလိပ်ဖြတ်ပြီးနောက် စိတ်ဓာတ်ကျသည့် အကြိမ် လည်း နည်း သွားကာ၊ စိတ်ရှုပ် စိတ် ဖိစီးဒဏ် ခံစားရသည့်အကြိမ်လည်း သိသိ သာသာ လျော့ကျသွားကာ ဘ၀ကို အကောင်း မြင် စိတ်ဖြင့် ပို ကြည့်ဖြစ် လာကြ ကြောင်း တွေ့ ရသည်။ စိတ်ကျဝေဒနာ ခံစားနေရသူများကို စိတ်ကျဒဏ်ခံဆေးများ၊ ကုထုံး များ ဖြင့် ကု သပေးသဖြင့် စိတ်ပြန်တက်လာကြသည့် ဖြစ်စဉ်နီးပါး အကျိုးရလဒ် တူညီ ကြောင်း တွေ့ ရသည်။ ဆေးလိပ်ဖြတ်လိုက်ရုံဖြင့် ရရှိသော အကျိုးဖြစ်၏။ လေ့လာမှုစစ်တမ်းကို British Medical Journal တွင် ထည် သွင်းဖော် ပြထားသည်။

ဆေးလိပ်သောက်ရင် စိတ်ပေါ့ပါး သွားတယ်၊ ဆေးလိပ် သောက်ရင် စိတ် ဖိစီး မှု ကျတယ်၊ ဆေးလိပ် သောက် ရင် အပန်းပြေ တယ်၊ ဆေးလိပ် သောက်မှ လောကကြီး မှာ ပျော်စရာကို ပျော်စရာလို ခံစားတတ်လာ တယ် စတဲ့ အယူ အဆ လွဲတွေကို အခု စစ်တမ်း က ကောင်းကောင်းချေဖျက်လိုက်ပါပြီ။ တကယ်ဆိုရင် ဆေး လိပ် ဖြတ်မှ အထက်ပါ ကောင်းကျိုတွေကို ရတာပါ”” ဟု လေ့လာ မှု စစ်တမ်းကို ဦးဆောင်ပြု လုပ်ခဲ့သော ဂမ်မာ တိုင်လာက ပြောသည်။ ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာ၊ မျက်စိကွယ်၊ နှလုံးရောဂါ၊ ခံတွင်း ရော ဂါ မှအစ ပန်းသေပန်းညှိုးထိ ဖြစ်နိုင်ကြောင်း လေ့လာ မှုစစ်တမ်းများစွာက ထောက်ပြထားပြီးဖြစ် သည်။ ကမ္ဘာ့  ကျန်းမာရေးအဖွဲ့ကြီး၏ စာရင်း များအရလည်း ဆေးလိပ်နှင့် ဆက်စပ်ဖြစ် ပွားသော ရောဂါများကြောင့် ယခု အ ခါ တစ်နှစ် ကို လူ ခြောက်သန်းကျော် သေဆုံးနေရကြောင်း သိရသည်။ ထိုနှုန်းသည် ဆက်တက်လာဖွယ် ရှိပြီး ၂၀၃၀ ခန့်ရောက် လျှင် တစ်နှစ် ကို လူ ရှစ်သန်းကျော် သေဆုံးရဖွယ်ရှိကြောင်း သိ ရသည်။ ဆေးလိပ်ကြောင့် သေ ဆုံးသူ ငါးဦး တွင် လေးဦးသည် ၀င်ငွေနည်းနှင့် အလယ် အလတ် နိုင်ငံများမှဖြစ်သည်။ ယခု အခါ ကမ္ဘာ တစ် ၀န်း ဆေးလိပ်သောက်နှုန်း ကျ ဆင်းလာသည့်တိုင် သောက်သုံးသူ ပမာဏ ကား ၁၉၈၀ ကာလကထက် ပိုများလာနေ သည်။ ဆေးလိပ် သောက် နှုန်းက ကျသွား သော် လည်း ကမ္ဘာ့ လူဦးရေ တိုးလာခြင်း ကြောင့် သောက် သုံးသူ ပမာဏက ပိုများလာ ခြင်း ဖြစ်ကြောင်း American Medical Association ဂျာနယ်တွင် ဖော်ပြ ထားသည်။

Ref: Quitting smoking makes you happier (AFP)
By The Messenger

0 comments:

Post a Comment