26.2.14

အားသွန်ခွန်စိုက်ယှဉ်ပြိုင်ရဦးမယ့်စပါး၊ နာပိုလီတို့ ရဲ့ယူရိုပါလိဂ်ပွဲစဉ်



ယူရိုပါလိဂ်(၃၂)သင်းအဆင့် ဒုတိယအကျော့ လက်ကျန်ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ဆက်လက်ကစားမှာဖြစ်လို့ နာမည်ကြီးအသင်းတွေဖြစ်တဲ့ စပါး၊ လာဇီယို၊ ဘင်ဖီကာနဲ့နာပိုလီတို့ နောက်တစ်ဆင့်တက်နိုင်ပါ့မလားဆိုတာ တွေးပူ
စရာဖြစ်နေပါတယ်။ ဒါပေမယ့် ဒီအသင်းတွေထဲမှာ စပါးတို့က ချွေးစီးချွေးပေါက်ကျအောင် အားထုတ်ရမယ့်ကိန်းဆိုက်နေတာတော့ အမှန်ပါပဲ။


စပါးနှင့် ဒီနီပရို

ပထမအကျော့မှာ တစ်ဂိုး-ဂိုး မရှိနဲ့ ရှုံးပွဲကြုံထားတဲ့စပါးဟာ အခုပွဲ အိမ်ကွင်းမှာ ဘယ်လောက်အထိ ရလဒ်ပြတ်သားအောင် စွမ်းဆောင် နိုင်မလဲ ကြည့်ရမှာပါ။ ယူကရိန်း ကလပ် ဒီနီပရိုအသင်းဟာ အိမ်ကွင်း ရော အဝေးကွင်းတွေမှာပါခြေစွမ်း ပြနိုင်တာမို့ စပါးတို့ သတိထားရမှာ ဖြစ်ပါတယ်။ ဒီနီပရိုအသင်းဟာ ဒီနှစ်ယူကရိန်းလိဂ်မှာ အဝေးကွင်း ရှစ်ပွဲကစားခဲ့ရာမှာ တစ်ပွဲသာ ရှုံး ထားတာမို့ စပါးတို့အတွက် စိုးရိမ် စရာကောင်းနေပါတယ်။ ဒါပေမယ့် ပထမအကျော့မှာ ပွဲပြီးခါနီး ပယ်နယ် တီကြောင့် ရှုံးခဲ့တာမို့ ဒီပွဲမှာတော့ စပါးရဲ့ ခြေစွမ်းအမှန် စိတ်ဓာတ် အမှန်ကို မြင်တွေ့ရမှာဖြစ်ပြီး တိုက်စစ်အားကောင်းမွန်တဲ့ စပါးကို နှစ်သက်တာအမှန်ပါပဲ။

နာပိုလီနှင့် ဆွမ်ဆီး

ဆွမ်ဆီးကွင်းမှာ ပထမအကျော့ ကစားခဲ့စဉ်က ဂိုးမရှိသရေပွဲဖြစ်ခဲ့တာ မို့ အခုပွဲစဉ်ကတော့ အဆုံးအဖြတ် ပါပဲ။ ဆွမ်ဆီးမှာ လနဲ့ချီနားနေတဲ့ တိုက်စစ်မှူးမီချူး ပြန်လည်ကစား နိုင်ရင်တော့ ဆွမ်ဆီးအတွက် အား တက်စရာပါပဲ။ နာပိုလီနည်းပြ ဘင်နီ တက်ဇ်ဟာ ဆွမ်ဆီးအသင်းရဲ့ ခြေစွမ်းအနေအထားကို ကောင်း ကောင်း အကဲခတ်နိုင်သူဖြစ်တာမို့ အခုပွဲအိမ်ကွင်းမှာ ဘယ်လိုပုံစံမျိုး ကစားရမလဲဆိုတဲ့အချက်ကို ကောင်း ကောင်းပုံဖော်နိုင်ပါလိမ့်မယ်။ စီးရီး အေကလပ် နာပိုလီဟာ ဒီနှစ်မှာ အိမ် ကွင်းစွမ်းရည် ကောင်းတာမို့ အခုပွဲ ရလဒ်ဟာ နာပိုလီအပေါ်မှာ မူတည် မှာဖြစ်ပါတယ်။

ဗလင်စီယာနှင့် ဒိုင်နမိုကိဗ်

ဗလင်စီယာတို့ပထမအကျော့မှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ယူထားတာမို့ အခု ပွဲအိမ်ကွင်းမှာ ကစားရတာကြောင့် ယူကရိန်းကလပ် ဒိုင်နမိုကိဗ်တို့ မလွယ်ပါဘူး။ ယူကရိန်းလိဂ်မှာတော့ ခြေစွာတဲ့ ဒိုင်နမိုကိဗ်ဟာ အခုပွဲ မှာလည်း ဗလင်စီယာကို ကျော်ဖြတ် နိုင်ဖို့ဆိုတာ ခဲယဉ်းတဲ့ကိစ္စပါပဲ။ ဗလင်စီယာနည်းပြ ပစ်ဇီဟာ ဒီပွဲကိုသေသေချာချာပြင်ဆင်ကစားပြီး နိုင် ပွဲရယူနိုင်ရေး အားထုတ်ပါလိမ့် မယ်။

ဘင်ဖီကာနှင့် ဆလိုနီကာ

အိမ်ရှင်ဖြစ်တဲ့ ဘင်ဖီကာဟာ ပထမအကျော့အဝေးကွင်းမှာ တစ် ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲရယူထားပါတယ်။ ပေါ်တူဂီကလပ် ဘင်ဖီကာဟာ ပေါ်တူဂီလိဂ်မှာ ဒီနှစ်ထိပ်ဆုံးနေရာ မှာ ရပ်တည်နေပြီး အဝေးကွင်း၊ အိမ်ကွင်းကိုးပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ လုံးဝမရှိသေးပါဘူး၊ ၊ ဂရိကလပ်ဖြစ်တဲ့ ဆလိုနီကာတို့ကလည်း ဒီနှစ်ဘောလုံး ရာသီ ဂရိလိဂ်မှာ တန်းစီဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် ခြေစွမ်းပြနိုင်ပေမယ့် တိုက်စစ်ရော ခံစစ်မှာပါ အကောင်းဆုံးခြေစွမ်း ရရှိနေတဲ့ ဘင်ဖီကာရဲ့ အသင်း လိုက်ကစားအားကိုပဲ နှစ်သက်မိတာ အမှန်ပါပဲ။
မိုးမြင့်လင်းလက်

0 comments:

Post a Comment