26.2.14

စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်နေသော်လည်း ဆင်းရဲ၊ ချမ်းသာ အလွန်ကွာဟနေဟု အစီရင်ခံ



 ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများစွာ လုပ်လာသည်ဟု အစိုးရက ကြွေးကြော်နေသော်လည်း ပကတိအခြေ အနေမှာ ချမ်းသာသူများက ပိုမိုချမ်းသာလာပြီး ဆင်းရဲသူများကလည်း ပိုမိုဆင်းရဲနေသည်ဟု ပြည်ထောင် စု လွှတ်တော်၏ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက လွှတ်တော်သို့ ဖေဖော် ဝါရီ ၂၅ ရက်တွင် အစီရင်ခံလိုက်သည်။

“ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ဖို့မဖြစ်မနေ အကောင်အထည်ဖော် လုပ်ဆောင် ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ လုပ်ငန်းကို စောသေးသည်၊ နောင်မှ လုပ်မည်ဆိုသည့် သဘောဖြင့် မရ တော့ပါ” ဟုလည်း ဝေဖန်ထားသည်။

ဆင်းရဲမှုနှင့် ချမ်းသာမှု ကွာဟချက်ကို သာဓကအဖြစ် အိုးမဲ့၊ အိမ်မဲ့ပြည်သူများ များလာခြင်း၊ လယ်သမား များ ကုန်ထုတ်လုပ်မှုစရိတ်နှင့် ဝင်ငွေရရှိမှုတို့ မမျှတခြင်းကြောင့် အရှုံးပေါ်၍ အချို့လယ်သမားများ အကြွေး သံသရာလည်ပြီး လယ်မဲ့ယာမဲ့ဘဝ ရောက်ရှိနေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမှု အားနည်း ခြင်း၊ တရားမဝင် ကုန်သွယ်မှုများ ရှိနေသေးခြင်းတို့ဖြစ်သည်ဟု ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထား သေးသည်။

လက်ရှိဘဏ္ဍာနှစ်၏ ပထမခြောက်လပတ်အတွင်း အစိုးရ၏ အမျိုးသားစီမံကိန်း ဆောင်ရွက်မှုအပေါ် ကော်မတီက ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် စိစစ်လေ့လာမှုများကို တင်ပြထားခြင်း ဖြစ်သည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အစိုးရသစ်တက်လာပြီး နောက်ပိုင်း သမ္မတဦးသိန်းစိန်က မူဝါဒလမ်းစဉ်များ ချမှတ်ခဲ့သည်မှာ အားရစရာ ကောင်းခဲ့သော်လည်း ထိရောက်သည့် အကောင်အထည်ဖော်မှု မရှိခဲ့သည့် အတွက် အောင်မြင်မှုရရန် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ရန် လိုနေပြီဟုလည်း ကော်မတီက သုံးသပ်ခဲ့ သည်။

လက်ရှိ ဘဏ္ဍာနှစ်၏ ပထမခြောက်လပတ်အတွင်း အစိုးရ၏ စီမံကိန်းများ အကောင်အထည် ဖော်နိုင်မှုမှာ ပြည်နယ်နှင့်တိုင်းများတွင် အများဆုံး ၃၉ဒသမ၉ရာခိုင်နှုန်းသာ အကောင်အထည် ဖော်နိုင်ခဲ့သည့်အတွက် ဒုတိယ ခြောက်လပတ်အတွင်း အကောင်အထည်ဖော်ရမည့် လုပ်ငန်းစီမံကိန်း ၆၇ ဒသမ၂ ရာခိုင်နှုန်းကို ကြိုးပမ်းရတော့မည် ဖြစ်သည်။

အစိုးရသည် ဗဟိုဦးစီးစနစ်ကို ဖြေလျှော့ပြီး ပြည်သူဗဟိုပြုစနစ်ကို ပြောင်းလဲခဲ့သည်မှာ မူသဘောအရ အလွန်ကောင်းသော်လည်း “ဝန်ကြီးဌာန အဆင့်ဆင့်၊ ဌာနဆိုင်ရာ အဆင့်ဆင့်၏ ကြိုးနီစနစ် လုပ်ငန်း လုပ်ဆောင်မှု မပျောက်ပျက်မှု အခြေအနေနှင့် အောက်ခြေကစသည့် အခြေအနေကွာဟပြီး ပုံသဏ္ဍာန် မကျ ဖြစ်နေသည်ကို ဂရုစိုက်ရန် လိုအပ်မည်” ဟုလည်း ကော်မတီက ဆိုထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment