21.2.14

ဒုချီးရားတန်းကျေးရွာစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ မြို့မိမြို့ဖများနှင့်တစ်ဦးချင်းတွေ့ဆုံမေးမြန်းလျက်ရှိ


Friday, February 21, 2014

မောင်တောမြို့သို့ရောက်ရှိနေသည့် ဒုချီးရားတန်း(အလယ်)ကျေးရွာနှင့် ဒုချီးရားတန်း(အနောက်)ကျေးရွာများတွင် ယခုနှစ်ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များနှင့်ဇန်နဝါရီ ၂၈ ရက်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ် နှင့်ပတ်သက်၍ အမှန်ဖော်ထုတ်ရေးစုံစမ်းရေးကော်မရှင်အဖွဲ့သည် မောင်တောမြို့မှမြို့မိမြို့ဖများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ တစ်ဦးချင်းဖိတ်ခေါ်၍ စုံစမ်းမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် အဖွဲ့သုံးဖွဲ့ခွဲကာ တစ်ကြိမ်လျှင် သုံးဦးစီအား နေရာခွဲ၍စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယခုလ ၁၇ ရက်တွင်အခင်းဖြစ်ပွားခဲ့ရာ ဒုချီးရာတန်းကျေးရွာနေရာများသို့သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့သည်မောင်တောမြို့တွင် ငါးရက်ကြာနေထိုင်ပြီးတွေ့ရှိ ချက် အစီရင်ခံစာကိုအကြံပြုချက်များနှင့်အတူ သမ္မတထံယခုလ ၂၈ ရက်တွင် တိုက်ရိုက်အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

''ကျွန်တော်ကတော့ကော်မရှင်ဥက္ကဋ္ဌဒေါက်တာသာလှရွှေနဲ့တွေ့ခဲ့တာ ဖြစ်ပါတယ်။ အဓိကမေးမြန်းခဲ့တာကတော့ ရှေ့ဆက်တည်ငြိမ်အေးချမ်း စွာနေထိုင်နိုင်ဖို့ နည်းလမ်းတွေကို မေးမြန်းခဲ့တာဖြစ်ပါတယ်''ဟု
မောင်တောမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူဦးအောင်ကျော်ညွန့်ကပြောသည်။

The Union Daily

0 comments:

Post a Comment