21.2.14

ရန်ကုန်သို့တစ်လမီးသွေးအိတ်၁သောင်းခန့်အလွန်အကျွန် သစ်တောပြုန်းတီး မည့်အန္တရာယ်ရှိနေပြီး ဒေသတွင်းမီးသွေးဈေးနှုန်းအဆမတန်မြင့်တက်



၂၁.၂.၂၀၁၄၊ သောကြာနေ့

မြန်မာနိုင်ငံလူဦးရေ၏၁၀ရာခိုင်နှုန်းမျှ နေထိုင်သော ရန်ကုန်စီးပွားရေးမြို့တော်သို့ စလင်း၊စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များတွင် မီးသွေးအလွန်အကျွံဖုတ်ပြီး တစ်လလျှင်အိတ်၁သောင်းခန့် တင်ပို့နေခြင်းများကြောင့် ယင်းေးဒသများရှိ သစ်တောများပြုန်းတီးမည့် အန္တရာယ်များနှင့်ကြုံတွေ့နေရပြီး အဆိုပါဒေသများတွင်
မီးသွေးဈေးနှုန်းမှာ တစ်အိတ်လျင်ကျပ်၂၇၀၀အထိ အဆမတန်မြင့်တက်လာနေကြောင်း မီးသွေးဈေးကွက်နှင့် သစ်တောပြုန်းတီးရန် အန္တရာယ်ကျရောက်နေသော ဆင်လူးကျေးရွာမှ သိရသည်။
“မီးသွေးဖုတ်သူတွေက တစ်အိမ်သားလုံး တောထဲမှာနေပြီး တစ်နေကုန်ခုတ်ကြတော့ တောမပြုန်းဘဲ ရှိနိုင်မှာလား အခုလည်းဆင်လူးကျေးရွာနာကို ရောက်လာပြီး အရမ်းမြန်ပါတယ်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဆင်လူးရွာသားတစ်ဦးက ပြောဆိုသည်။


ယင်းဒေသများတွင် ယခင်၂၀၁၀ခုနှစ်တွင်တစ်အိတ်လျင် ကျပ်တစ်ထောင်ခန့်သာ ဈေးရှိပြီး ယခုမီးသွေးဈေးမှာ ဒေသတွင်း အသုံးပြုနိုင်သောဈေးထက် လွန်စွာကျော်လွန်နေပြီး ဈေးကွက်ကြီးမားသော ရန်ကုန်ဈေးကွက်သို့ အလုံးအရင်း တင်ပို့နေခြင်းသည် ဒေသတွင်းအသုံးပြုနိုင်မှုနှင့် သစ်တောပြုန်းတီးမှုကိုဖြစ်ပေါ်စေပြီး ဒေသခံများအနေဖြင့်
စိုးရိမ်နေကြကြောင်းလည်း သိရသည်။
အဆိုပါမီးသွေးအိတ်များကို အစိုးရစီမံကိန်းမော်တော်ယာဉ်များ၊ ခရီးသည်တင်ဆောင်သော အမြန်ယာဉ်များနှင့် နေ့စဉ်တစ်စီးကိုမီးသွေးအိတ် ၁၀၀ကျော်တင်ဆောင်နေပြီး ယင်းဒေသတွင်းရန်ကုန်သို့ ထွက်ခွာသော မော်တော်ယာဉ် ၆စီးအထက်နှင့် အခြားမြို့ရွာများသို့သွားသော မော်တော်ယာဉ်များအားလုံးတွင် မီးသွေးများကို တင်ဆောင်နေကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင်ယခင်က ဘိတ်မီးသွေးခေါ်မြိတ်မီးသွေးများနှင့် ဘိုးကလေးမီးသွေးများကို အလွန်အကျွံ အသုံးပြုခဲ့မှုများကြောင့် ဒီရေတောများပြုန်းတီးသွားပြီး နာဂစ်မုန်းတိုင်းဒဏ်ကို ဘိုးကလေးမြို့အနေဖြင့် အလွန်စိုးရွားစွာ ခံခဲ့ရမှုသည် ဒီရေတောများပြုန်းတီးသွားသောကြောင့်ဖြစ်ကြောင်း FREDAဥက္ကဋ္ဌ ဦးအုန်းက ပြောဆိုသည်။

ဘကြီးအောင်(မကွေး)

မြန်မာ့ခေတ်

0 comments:

Post a Comment