21.2.14

လိုင်စင်မဲ့ယာဉ် ဟုတ်မဟုတ် စစ်ရသည့်ယာဉ် တစ်လ ၄၀ ခန့်ရှိ



မန္တလေးတိုင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် စစ်ဆေး ပေးရသည့် ယာဉ်အစီးရေ တစ်လလျှင် ၄၀ ခန့်ရှိကြောင်း ၎င်းဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းဦးက ပြော သည်။

“ကားတစ်စီးကို လမ်းဘေးမှာ တွေ့တယ်။ Without (လိုင်စင်မဲ့)ဟုတ်မဟုတ်ကိုတော့ ယာဉ်မှတ်ပုံတင် ဌာနမှာ သေချာအောင် Confirm လုပ်တဲ့(အတည်ပြုတဲ့) သဘောပါ၊ without ဖြစ်တယ်ဆိုရင်တော့ တ ရားရုံးမှာ ယာယီသိမ်းပြီး တွေ့ရှိတဲ့အရာရှိက တရားလိုပြုပြီး အမှုဖွင့်တယ်”ဟု ၎င်းက ရှင်းပြသည်။



တိုင်းဒေသကြီးအတွင်း ယာဉ်နံပါတ်မပါသည့်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ယာဉ်ထိန်း ရဲတပ်ဖွဲ့များက မကြာခဏ စစ်ဆေးတွေ့ရှိရပြီး ၎င်းယာဉ်များသည် တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ကို ကညန ရုံးသို့ ဆက်သွယ် စစ်ဆေးရလျက်ရှိသည်။

ယင်းသို့ စစ်ဆေးရသည့်ယာဉ်များအနက် ထက်ဝက်ခန့်သည် လိုင်စင်မဲ့ယာဉ်များဖြစ်ပြီး အချို့ယာဉ်များ မှာမူ မှတ်ပုံတင်ထားသော ယာဉ်အမျိုးအစားနှင့် မကိုက်ညီခြင်း၊ အင်ဂျင်နံပါတ်(ချဲဆီးလ်နံပါတ်) မကိုက် ညီခြင်း စသည်တို့ကိုလည်း တွေ့ရှိရသည်။

“စစ်ခိုင်းတဲ့ယာဉ်က လင်ခရူဆာကား၊ ဒါပေမဲ့ ကားမှာတပ်ထားတဲ့ နံပါတ်ကကျတော့ ဂျစ်ကားမှတ်ပုံတင် ရတဲ့ ယာဉ်နံပါတ်မျိုးဖြစ်နေတာတွေကို စစ်ဆေးတွေ့ရတယ်”ဟု ဦးသိန်းဦးက ပြောသည်။

ထို့သို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က စစ်ဆေးစေသည့် ယာဉ်များမှာကညန၏ မှတ်ပုံတင်စာရင်း တွင်မပါရှိပါက ၎င်းယာဉ်ကို တရားမ၀င်ယာဉ် (without)အဖြစ် သတ်မှတ်ပြီး တရားရုံးတွင် ယာယီသိမ်း ဆည်းထားမည်ဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍ တရားရုံးက နိုင်ငံပိုင်ပစ္စည်းအဖြစ် သတ်မှတ်ခြင်း၊ လေလံပစ်ရောင်းချခြင်းများကို အဆင့် ဆင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment