21.2.14

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မည့်ရက် ရွှေ့ဆိုင်းပေးရန် တိုင်းရင်းသား အဖွဲ့အစည်း ၃ဝ ကျော်က သဘောထားထုတ်ပြန်



၂၁.၂.၂၀၁၄၊ သောကြာနေ့

လာမည့်မတ်လအတွင်း ပြုလုပ် မည့် ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက် ယူမည့် အစီအစဉ်အား သတ်မှတ်ရက်ရွှေ့ ဆိုင်းပေးရန် တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ ကျော်က သဘောထား ကြေညာချက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။

မတ်လအတွင်း ပြုလုပ်မည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက်ယူမည့် လုပ် ငန်းစဉ်များတွင် တိုင်းရင်းသားလူမျိုးစုများ ကို ထိခိုက်နစ်နာစေနိုင်သည့် လွဲမှားဖော် ပြထားသော အချက်အလက်များ ပါဝင်နေ ပြီး နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် တိုင်းရင်းသားလူမျိုးစုများအတွက် ဆုံးရှုံး နစ်နာလာနိုင်သည့်အခြေအနေများ ဖြစ် ပေါ်နိုင်သည့်အတွက် ဖေဖော်ဝါရီ ၁၇ ရက် က သဘောထားကြေညာချက် ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း တိုင်းရင်းသားကိုယ် စားလှယ်များက ပြောသည်။


ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန် ဂျာက ''လူမျိုးနာမည်တွေကို ကုတ်နံပါတ် တွေခွဲပြီး သတ်မှတ်လိုက်တဲ့ မျိုးနွယ်စုတွေ ကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်စေ ပါတယ်။ ဒီလို တိုင်းရင်းသားလူမျိုးတွေအ တွက် စိတ်ကျေနပ်မှုမရှိရင် နောက်ဆက် တွဲပြဿနာတွေက နောက်ထပ် ၁ဝ နှစ် ၁၅ နှစ်အထိ ဖြေရှင်းလို့ပြီးနိုင်မှာ မဟုတ် ဘူး''ဟု ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူဦးရေ စာရင်းဇယားများ တိတိကျကျရရှိ နိုင်ရန် ကောက်ယူသည်ဖြစ်သည့်အတွက် အလွန်အရေးကြီးသော ဆောင်ရွက်ချက် ဖြစ်သည်ကို နားလည်ထားသော်လည်း တိုင်း ရင်းသားများ၏ နစ်နာနိုင်မှုများ ထည့်သွင်း စဉ်းစားပြီး ကောက်ယူရန်အတွက် ယင်းကဲ့ သို့ တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားစိုင်းစောသန်းမြင့် က ''သန်းခေါင်စာရင်းမှာ ရှမ်းတိုင်းရင်းသား ၃၃ မျိုးလို့ သတ်မှတ်ထားတယ်။ အမှန်တ ကယ်ရှိတာက ၁ဝ မျိုးပဲရှိတယ်။ ဒီလိုလွဲမှား မှုတွေ ရှိနေတယ်။ အခုလိုသာ သန်းခေါင် စာရင်း ကောက်ယူလိုက်ရင် တစ်နိုင်ငံလုံး ကို ကိုယ်စားပြုနိုင်ပေမယ့် တိုင်းရင်းသား အားလုံးကိုတော့ ကိုယ်စားပြုနိုင်မှာ မဟုတ် ပါဘူး''ဟု ပြောသည်။

ယင်းကဲ့သို့ပင် မွန်လူမျိုးများတွင်လည်း တိုင်းရင်းသား
အမည် နာမ လွဲမှားဖော်ပြမှုများရှိနေကြောင်း မွန်လူမျိုး ဦးမင်းအောင်မျိုးပိုင်က ပြောသည်။

ကရင်ရေးရာကော်မတီမှ စော ကျော်စွာက''ကျွန်တော်တို့ ကရင်လူ မျိုး ကံဘားဆိုရင် ကယားလူမျိုးအုပ် စုထဲပါသွားတယ်။ လူဝင်မှုကြီးကြပ် ရေးမှာ ကံဘားဟာကရင်လူမျိုးဖြစ် နေတယ်။ ဒါကိုသန်းခေါင်စာရင်း မကောက်ခင်ပြန်လည်ပြင်ဆင်ဖို့ အ ချိန်မရှိတော့ဘူး'' ဟုပြောသည်။

ယင်းကဆက်လက်ပြီး ''ဘယ် လိုနည်းနဲ့ဖြစ်ဖြစ် အခုလိုသာ သန်း ခေါင်စာရင်းကောက်ယူလိုက်ရင် နိုင်ငံ ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဖြစ် လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူမျိုးစုအရေအတွက်နည်းသွားရင် တိုင်းရင်းသားရေးရာဝန်ကြီးမထားနိုင် တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုဆို ရေးရာဝန်ကြီးတစ်ဦးတည်းဖြစ်လာ နိုင်ပါတယ်။ အခု သန်းခေါင်စာရင်း က နည်းပညာပိုင်းအရဖြစ်နိုင်ပေမယ့် တိုင်းရင်းသားများအတွက် ပြည့်စုံမှု မရှိပါဘူး။ ဒါကြောင့်ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုနေတာပါ''ဟုပြောသည်။

သို့ဖြစ်၍ ဗဟိုသန်းခေါင် စာ ရင်းကော်မရှင်အနေဖြင့် တိုင်းရင်း သားအဖွဲ့အစည်းများနှင့်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပြီးမှသာ ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ယူ ခြင်းပြုလုပ်ပါရန် တောင်းဆိုခြင်း ဖြစ်ကြောင်းသိရသည်။

Yangon Media Group

0 comments:

Post a Comment