21.2.14

ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲ KNU/KNLA PC ပါဝင်နိုင်ဖွယ်မရှိကြောင်း စာနယ်ဇင်းရှင်းအမျိုးသားရေးအခြေခံပြဿနာများကိုမဖြေရှင်းဘဲ အပစ်ရပ်ရေးကိုဆောင်ရွက်နေပါက ငြိမ်းချမ်းရေးဝေးနေဦးမည်ဟုဆို




တိုင်းရင်းသားလက်နက်ကိုင်အားလုံးနှင့် ပြည်ထောင်စုအစိုးရတို့ ရေးထိုးမည့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးမှုတွင်KNU/KNLA PC အနေဖြင့်ပါဝင်နိုင်ဖွယ်မရှိကြောင်း KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ထိပ်တန်းဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ်ဒေါက်တာတီမိုသီ က ယနေ့ရန်ကုန်မြို့ My Garden စားသောက်ဆိုင်၌ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင်ပြောသည်။


ဒေါက်တာတီမိုသီက ''ကျွန်တော်တို့တစ်ဖွဲ့တည်းရဲ့သဘောအရ တော့ မထိုးဖြစ်ဖို့များပါတယ်။ လက်မှတ်ထိုးမှ ငြိမ်းချမ်းရေးရမယ် ဆိုတာ လက်မခံနိုင်ပါဘူး''ဟုဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလအတွင်း ကရင်ပြည်နယ် ဘားအံမြို့၌ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း မတ်လအတွင်းသို့ ထပ်မံ ရွှေ့ဆိုင်းထားသည်။ KNU/KNLA PC သည် အစိုးရနှင့်အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
အမျိုးသားရေးအခြေခံပြဿနာများကိုမဖြေရှင်းဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိုဆောင်ရွက်နေပါက မြန်မာနိုင်ငံ၏ပြည်တွင်း ငြိမ်းချမ်းရေးသည်လည်း အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ဗိုလ်မှူး ချုပ် ဒေါက်တာတင်မိုသီကပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံပြည်သူလူထု၏လိုအပ်ချက် အခက်အခဲပြဿနာများကို ဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းသား တစ်ရပ်လုံးလိုလားသည့်ငြိမ်းချမ်းရေးပန်းတိုင်ကိုရောက်ရှိမည်မဟုတ် ဟု ၄င်းကဆိုသည်။

''အစိုးရရဲ့သဘောထား၊ NCCCT ရဲ့သဘောထားကိုဆန့်ကျင်တာ မဟုတ်ဘူး၊အကြံပြုတာပါ။ နိုင်ငံရေးစကားဝိုင်းမှာပါဝင်ဖို့၊ မပါဝင် ဖို့မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော်တို့သွားချင်တဲ့ဦးတည်ချက်က သတ်သတ်ရှိပါတယ်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဦးတည် ချက်က ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပဲဖြစ်ပါတယ်''ဟု ဒေါက်တာတင်မို သီကပြောသည်။
ကရင်ပြည်သူလူထု၏ ယနေ့အလိုလားဆုံးအရာသည်စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့်ဒေသဖွံ့ဖြိုးရေးသာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများ
ရွေးချယ်သည့်လမ်းသည် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၏ ဦးတည်ချက်နှင့်ကွဲပြားနေကြောင်း ၄င်းကပြောသည်။

The Union Daily

0 comments:

Post a Comment