21.2.14

အိုင်အက်ဖ်စီက ပြည်တွင်း ငွေကြေးအဖွဲ့အစည်းများကို ကူညီပေးမည်




၂၁.၂.၂၀၁၄၊ သောကြာနေ့

အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က မြန်မာနိုင်ငံအတွင်း၌ အခြေချလုပ်ကိုင်နေသော ပြည်ပငွေကြေးအဖွဲ့အစည်းသုံးခုကို အကူအညီများပေးအပ်သွားမည်ဖြစ်သည်ဟု IFC ၏အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ မန်နေဂျာ Ms. Rachel Freeman က မီဒီယာများကို ပြောသည်။


IFC သည် အသေးစားချေးငွေ အဖွဲ့အစည်းသုံးခုဖြစ်သော Pact Global Microfinance Fund, Proximity Designs နှင့် World Vision International Myanmar တို့ကို အကူအညီများပေးအပ်သွားမည်ဖြစ်ပြီး ထိုသို့အကူအညီပေးအပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံး၌ကျင်းပခဲ့ကြောင်းသိရသည်။

Ms. Rachel Freeman က “ဒီအဖွဲ့အစည်းသုံးဖွဲ့ကိုIFC က ပံ့ပိုးကူညီမှုပေးလိုက်ခြင်းအားဖြင့် သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာရောက်မှာပါ” ဟု ပြောသည်။

Pact Global Microfinance Fund မှအကြီးတန်းလုပ်ငန်းတာဝန်ခံ Mr. Fahmid Karim Bhuiya က “ Pact အနေနဲ့ အသေးစားချေးငွေပံ့ပိုးမှုကို ထပ်ပြီးတိုးမြှင့်သွားမှာပါ။ လျာထားချက်အရကတော့ သုံးနှစ် အတွင်းမှာ ကန်ဒေါ်လာသန်း ၂၀၀ အထိ ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟုပြောသည်။

Proximity Designs မှ ဒါရိုက်တာ Ms Debbie Auny Din က “လယ်ယာလုပ်ငန်းအတွက် အသေးစား စက်လေးတွေ ပံ့ပိုးတာရော နည်းပညာပံ့ပိုးမှုရော၊ နည်းပညာ ပံ့ပိုးမှုအပိုင်းမှာပါ တိုးချဲ့ဆောင်ရွက်သွား မှာပါ။ ချေးငွေအနေနဲ့ဆိုရင် ၂၀၁၄ မှာ ကျပ်ငွေခြောက်ဘီလီယံလောက် ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment