21.2.14

မြန်မာအရှေ့တိုင်းဘဏ်အား ကမ္ဘာ့ဘဏ်အုပ်စုဝင် အိုင်အက်ဖ်စီအဖွဲ့က ကန်ဒေါ်လာငါးသန်း ပေးအပ်


ကုန်သွယ်ရေးဘဏ္ဍာငွေ ပံ့ပိုးနိုင်ရန် အတွက် မြန်မာအရှေ့တိုင်းဘဏ်ကို ကမ္ဘာ့ ဘဏ်အုပ်စုဝင် အဖွဲ့တစ်ခုဖြစ်သော အိုင် အက်ဖ်စီအဖွဲ့မှ အမေရိကန်ဒေါ်လာ ငါးသန်း ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားငွေ များ ပိုမိုရရှိအောင် စွမ်းဆောင်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ယင်း သို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


မြန်မာနိုင်ငံရှိုင်္ဃ ကိုယ်စားလှယ် ဗီခ်ရန်ကူးမားက ''ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာ ငွေပံ့ပိုးရေး ဝန်ဆောင်မှုပေးတဲ့ မြန်မာအရှေ့ တိုင်းဘဏ်ရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ခြင်း နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တိုးတက် ပွင့်လင်းလာတာနဲ့အမျှ စီးပွားရေးကဏ္ဍမှာ အရေးပါတဲ့ ကုန်သွယ်ရေးကဏ္ဍကို တိုးမြင့် လာဖို့ ကူညီခြင်းဖြစ်တယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ပံ့ပိုးခြင်းကြောင့် ပြည်တွင်း ဘဏ်များအား မတည်ငွေရင်းဖြင့်သော်လည်း ကောင်း၊ အကြံပေး ဝန်ဆောင်မှုများဖြင့်သော် လည်းကောင်း၊ ¤င်းတို့ပံ့ပိုးမှု၏ အစဦးပိုင်း အခြေအနေဖြစ်ကြောင်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ဘဏ္ဍာငွေပံ့ ပိုးကူညီနိုင်ရန် အတွက် အခွင့်အလမ်းများ လည်း များပြားလာမည်ဖြစ်ကြောင်း ယင်း ကဆိုသည်။

မြန်မာအရှေ့တိုင်းဘဏ်သည် ကမ္ဘာ့ ဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်သှောုင်္ဃ ၏ နိုင်ငံ တကာကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေ ပံ့ပိုး ရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်သည့် မြန် မာနိုင်ငံ၏ ပထမဆုံးဘဏ်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက် ဥက္ကဋ္ဌဦးမြသန်းက ''ကျွန်တော်တို့ကို အခု ကမ္ဘာ့ ဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်တှဲု့င်္ဃ က ပေးတဲ့ ဒေါ်လာငါးသန်းက အခုချက်ချင်း သုံးဖို့မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက ဘဏ်တွေက မြန်မာနိုင်ငံနဲ့ အခုမှ ဆက်ဆံ မယ့်အခါကျတော့ ဒီကပို့ကုန်လုပ်ငန်းရှင်တွေ အတွက် အာမခံထားပေးတဲ့အခါကျမှ သုံးဖို့ အတွက်ပါ''ဟု ပြောသည်။

မြန်မာအရှေ့တိုင်းဘဏ်သည် ဘဏ်ခွဲ ပေါင်း ၂၆ ခု ဖွင့်လှစ်ထားပြီး နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်အား ပထမ ဆုံးအကြိမ်ရရှိခဲ့သည့် ဘဏ်ဖြစ်ကြောင်း သိ ရသည်။

Yangon

0 comments:

Post a Comment