21.2.14

အိတ်ခ်ျအိုင်ဗွီပိုးရှိသူအမျိုးသမီးများအနှင့် အလုပ်ရှင်များအကြား အလုပ်ခန့်ပေးရေး ဆွေးနွေးမည်


အိတ်ခ်ျအိုင်ဗွီပိုးရှိသူအမျိုးသမီး များကို အလုပ်ခန့်ပေးရန်နှင့် ယင်းတို့ နှင့် အလုပ်ရှင်များအကြားနားလည်မှု ရှိစေရန် Myanmar Positive Women Network က ဆွေးနွေးမှုများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါ Net-work မှ သိရသည်။

အဆိုပါအဖွဲ့အစည်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ် ရုံများတွင်လုပ်ကိုင်လျက်ရှိသော အိတ်ခ်ျ အိုင်ဗွီပိုးရှိ အမျိုးသမီးများ နေထိုင်မ ကောင်းဖြစ်ခြင်းကြောင့် ခွင့်ယူခြင်းကို လည်း အလုပ်ရှင်များက နားလည်မှုပေး ရန်နှင့် လုပ်ဖော်ကိုင်ဖက်များကလည်း နှိမ့်ချခြင်းမပြုရန် ယင်းစက်ရုံအလုပ်ရုံ များသို့ ယခုလအတွင်း လိုက်လံဆွေးနွေး အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''သာကေတအထည်ချုပ်စက်ရုံက အစ်မတစ်ယောက်ဆိုရင် သူ့မှာ အိတ်ခ်ျ အိုင်ဗွီပိုးရှိတာကို ဖွင့်မပြောဘူး။ ဒါပေ မဲ့ အလုပ်ရှင်ကရိပ်မိတဲ့အတွက် ဆေးရုံ၊ ဆေးခန်းသွားဖို့ခွင့်ပြုပေးတယ်။ သူဌေး က လုံးဝကိုမခွဲခြားဘူး။ အစ်မတို့နဲ့လဲ နွေးနွေးထွေးထွေးဆက်ဆံတယ်။ ဒီလို လိုက်ပြောတာကလဲ အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့အမျိုးသမီးတွေဟာ နေမကောင်း တုန်း ခဏသာ အလုပ်မလုပ်နိုင်တာ။ ဆေးခန်းပြရတာ။ ART ဆေးသောက် ပြီးလို့ နေကောင်းရင် လူကောင်းအတိုင်း ပဲ အလုပ်လုပ်နိုင်တယ်။ အိတ်ခ်ျအိုင်ဗွီ ဖြစ်တိုင်း သေမှာပဲဆိုတဲ့အယူအဆကို လဲ ပျောက်စေချင်လို့''ဟု Myanmar Positive Women Network မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် စက်ရုံ၊ အ လုပ်ရုံများသို့ အိတ်ခ်ျအိုင်ဗွီပိုးရှိသူများ လာရောက်လျှောက်ထားပါကလည်း ခန့်ထားပေးရန် ဆွေးနွေးသွားမည်ဖြစ် ပြီး သန်လျင်ဖန်ချက်စက်ရုံ၊ သာကေတ အထည်ချုပ်စက်ရုံ၊ တောင်ဒဂုံအထည် ချုပ်စက်ရုံများတွင် ဆွေးနွေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

---------------------------------

Post By Yangon Media Group

0 comments:

Post a Comment