21.2.14

ပြည်ထောင်စုညီလာခံပေါ်ပေါက်ရေး တပ်မတော်က ပူပေါင်းဆောင်ရွက် ရန်လိုဟု ဦးကိုကိုကြီး ထောက်ပြ



အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ပြည်ထောင်စုညီလာခံ တစ်ရပ် ပေါ်ပေါက်ရေးကြိုးပမ်းမှုတွင် တပ်မတော်မှ ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဦးကိုကိုကြီးက ပြောသည်။



''ရေရှည်မှာ တပ်မတော်သည် နိုင်ငံရေးနဲ့ကင်းရှင်းရမယ်ဆိုတာက ရည်မှန်းချက်သတ်သတ်၊ လတ်တလောမှာ မကင်းရှင်းနိုင်လို့ ဝင်ထိုင်နေပြီ ဆိုရင် နိုင်ငံရေးဆန်ဖို့လိုတယ်။ လောလောဆယ်မှာ နိုင်ငံရေးနဲ့ လာပတ် သက်နေသမျှကာလပတ်လုံး တရားဝင် ကြေညာသည်ဖြစ်စေ မကြေညာ သည်ဖြစ်စေ နိုင်ငံရေးအင်အားစုလို ဖြစ်နေတယ်''ဟု ယင်းကပြောသည်။

တပ်မတော်အနေဖြင့် နိုင်ငံရေးအင်အားစုတစ်ခုလို ဖြစ်နေသော ကြောင့် တခြားသောနိုင်ငံရေးပါတီများနှင့် ထိတွေ့မှု၊ ဆွေးနွေးမှုများ ပြု လုပ်ရန်လိုအပ်ကြောင်း ဦးကိုကိုကြီးက ထောက်ပြသည်။

''နိုင်ငံရေး ဝင်လုပ်နေတာဆိုတော့ နိုင်ငံရေးဆန်အောင် ရဲရဲတင်း တင်းထိတွေ့ဖို့ လိုတယ်။ တစ်ဖက်ကလဲ တခြားနိုင်ငံရေးအင်အားစုတွေရဲ့ အသံကို နားထောင်ဖို့လိုတယ်''ဟု ယင်းက ဆိုသည်။

၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းသော ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစုအားလုံးပါ ဝင်သည့် ပြည်ထောင်စုညီလာခံကျင်းပနိုင်ရေးကို ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ရာ ယင်းကြိုးပမ်းမှုတွင် တပ်မတော်အား မိမိတို့အနေဖြင့် ကြိုးစား ဆွေးနွေးသွားမည်ဟု သိရသည်။

''ကျွန်တော်တို့ အလွတ်သဘော တွေ့ဆုံမှုတွေလုပ်နိုင်အောင် အရင် ဆုံး ကြိုးပမ်းသွားမှာပါ။ အဲဒီကနေမှ ညီလာခံကြီး ကျင်းပနိုင်တဲ့အထိ ကြိုး စားတွေ့ဆုံသွားမှာပါ''ဟု ဦးကိုကိုကြီးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မိမိအပါအဝင် သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်ပါဝင်သော လေးပွင့် ဆိုင် တွေ့ဆုံမှုတစ်ခုပြုလုပ်ရန် ကမ်းလှမ်းထားသော်လည်း တပ်မတော်က ငြင်းပယ်ထားသည်။

-----------------------------------------

Post By Yangon Media Group

0 comments:

Post a Comment