21.2.14

မဲဇလီရေလှောင်တမံ ထပ်တိုးမှုသည်ရေနစ်မြှပ်မည့် ကျေးရွာ၂၀ အထိ တိုးလာမည်ကို ဒေသခံများစိုးရိမ်



၂၁.၂.၂၀၁၄၊ သောကြာနေ့

စေတုတ္တရာမြို့နယ်နှင့်ပွင့်ဖြူမြို့နယ် ကိုဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်၏ အနောက်ဖက်မှစီးဝင်သော မုန်းချောင်းကို ဖြတ်ပိတ်၍
ထပ်မံတည်ဆောက်နေသော မဲဇလီ ရေလှောင်တမံသည် ပွင့်ဖြူမြို့နယ်ရှိ ကျွဲခြံရွာနှင့် လယ်မရွာများကိုပါ ရေနစ်မြှပ်နိုင်သော အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် ထိုဒေသခံရွာသူရွာသားများ အနေဖြင့် ယခင်ကတည်ဆောက်ခဲ့သော မုန်းချောင်းအထက်ဆည်များနည်းတူ ရေနစ်မြှပ်ခဲ့သော ကျေးရွာ၁၈ရွာအပြင် ယင်းတို့ရွာများသည်လည်း ရေနစ်မည့် အန္တရာယ်ရှိနေကြောင်း အဆိုပါကျေးရွာနှစ်ရွာ၏ ပညာရေးနှင့်လူမှုလုပ်ငန်းများ လုပ်ဆောင်ပေးနေသူ ဦးမျိုးမင်းစိုးက ဆိုသည်။


“ရေက၈ပေမြင့်မယ်ဆိုတော့ အောက်ပိုင်တွေအကုန်မြှပ်နိုင်ပါတယ် ဒါကိုဘာမှပွင့်ပွင့်လင်းလင်း မပြောသေးပါဘူး။ဒီအချိန်မျိုးမှာ ဒါမျိုး
လုပ်တာတော့မကောင်းပါဘူး အထက်က ဆည်ကြီး လေးဆည်ကြောင့် ပြောင်းပေးရသူတွေလည်း ဘာမှမရခဲ့ပါဘူး။ အခုဒီရွာနှစ်ရွာပါရင်တော့ မုန်းချောင်းဖြတ်ဆည်များကြောင့် ကျေးရွာ၂၀ရှိလာမှာဖြစ်ပါတယ် ”ဟ ယင်းက ပြောဆိုသည်။

ထိုမုန်းချောင်းဖြတ် တည်ဆောက်ထားသော အထက်ဆည်ကြီးများဖြစ်သော မုန်းဆည်၊ အထက်ဘူးဆည်၊ အောက်ဘူးဆည်၊ ကြီးရုံကြီးဝဆည်များ ရေလှောင်ဧရိယာကြောင့် ဒေသခံ ကျေးရွာပေါင်း ၁၈ရွာမှာအခြေအနေ
မဲ့သော ဘ၀သို့ကျရောက်ခဲ့ရပြီး ပညာရေးကျန်းမာရေးနှင့် အခြားသော
စိုက်ပျိုးမြေ အခက်အခဲများ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသောလူမှု
ဘ၀ ဒုက္ခမျိုးစုံခံစားနေရကြောင်း ကျောက်ပုံမုံညင်းခဲပစ်ကျေးရွာများသို့ သတင်းသွားယူစဉ်ဒေသခံများက ဒီဗွီဘီရုပ်သံသတင်းဌာနသို့ ပြောဆိုကြ
သည်။

အဆိုပါမဲဇလီဆည်ထပ်တိုး တည်ဆောက်မှုသည် အောက်ပိုင်းလယ်မြေများ
အတွက် ရေရရှိရန် ဟုဆိုသော်လည်း ထိုဆည်ရေသောက် အောက်ပိုင်းရွာ
များဖြစ်သော သရက်တောကျေးရွာအုပ်စု ၀င်သမင်ခြံရွာမှ လယ်ယာ
လုပ်ကိုင်သူ ဦးတင်လှိုင်က“အရင်ကလည်ဒီဆည်အတိုင်းပဲ စိုက်ပျိုးခဲ့တာပါ အခုလည်းရေမလိုပါဘူး”ဟု ထိုဒေသခံဦးတင်လှိုင်က ပြောသည်။
မုန်းဆည်ရေသောက် စိုက်ပျိုးသူများအနေဖြင့် လယ်ယာများအတွင်းသို့ ရေသွင်းရန်မြောင်းမကြီးများ ကောင်းသော်လည်းမြောင်းသွယ်ဖောက်
လုပ်ပေးမှုမှာ မရှိသလောက်ဖြစ်ပြီး မြောင်းမအတွင်းမှသာ ရေစုပ်စက်ဖြင့်သာ ရေသွင်းနေရကြောင်းလည်း သိရသည်။

အဆိုပါမုန်းချောင်းဖြတ်ဆည်ကြီးများတွင် မုန်းဆည်၊ကြီးရုံကြီးဝဆည်၊ မဲဇလီဆည်များသာရေလှောင်နိုင်ပြီး ဘူးဆည်များမှာ ရပ်နာထားသော အခြေအနေများဖြစ်ပေါ်နေသည်။ ပြည်တွင်းဆည်ကြီးများ တည်ဆောက်ရာတွင် တိုင်းတာမှုများ အားနည်းနေပြီး ဘားအံနှင့်မြိုင်
ကလေးကြားတွင်ရှိသော ဆည်တစ်ခုမှာလည်း အောက်ခြေတွင် အပေါက်ဖြစ်ပေါ်နေသောကြောင့် ရေမလှောင်နိုင်သော အခြေအနေများ ဖြစ်ပေါ်နေသည်ဟုသဘာဝပတ်ဝန်းကျင်နှင့် သတ္တုဗေဒပညာရှင်
ဦးစောမိုးမြင့်က သုံးသပ် ပြောဆိုထားသည်။

ထိုမုန်းချောင်းဖြတ်ဆည်ကြီးများကြောင့် လူမှုဘ၀ဒုက္ခများစွာတွေ့ကြုံနေ
ရသူများက ဇန်န၀ါရီလ၁၉ရက်နေ့တွင်စေတုတ္တရာမြို့တွင် လူပေါင်း၁၅၀
ခန့်ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ယခုအချိန်ထိထူးခြာားမှု မရှိသေးကြောင်း
ကျောက်ပုံရွာသား လယ်ယာမြေကိစ္စများ ဆောင်ရွက်နေသူ ဦးခင်မောင်ဌေး က ပြောသည်။

ဘကြီးအောင်(မကွေး)
The Myanma Age

0 comments:

Post a Comment