21.2.14

" University of British Columbia (UBC)မှ ဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ထူး ဆောင်ပါမောက္ခရာထူးနှင်းအပ် "


Friday, February 21, 2014

ကြီးမားသည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်း လဲမှု ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် လိုအပ်နေသောစီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာ ဘာသာရပ်များကို သင်ကြားပို့နေ သူ ဒေါက်တာ အောင်ထွန်းသက်အား University of British Columbia (UBC) မှ ဂုဏ်ထူးဆောင် ပါမောက္ခရာထူး Honarary Professorship နှင်း အပ်ပွဲအခမ်းအနားကို ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMFCCI) ဇုန်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ယင်းUniversity of British Columbia (UBC) သည် ကနေဒါ နိုင်ငံမှ အကြီးဆုံးတက္ကသိုလ်များထဲမှ တစ်ခုဖြစ်ကာ Vancouver Campus၁၉၂၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ UBC တက္ကသိုလ်တွင် ပညာရေး၊ သစ်တောပညာ၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုမြေယာနှင့် စားနပ်ရိက္ခာစနစ်ပညာ၊ ဥပဒေနှင့် စီမံခန့်ခွဲမှုစသည့် ပညာသင်ကြားရေးဌာနများ ပါဝင်တည်ရှိသည်။ ဆရာဒေါက်တာအောင်ထွန်းသက် ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သော မှတ်သားစရာပို့ချချက်များထဲမှ တစ်ခုကို အောက်တွင် ဖော်ပြလိုက်ပါသည်။

''ဆရာတို့နိုင်ငံမှာ အနာဂတ်အ တွက် ဦးဆောင်မှုပေးတဲ့ သူတွေကို ပြောချင်တယ်။ ခေါင်းဆောင်၊ ဦးဆောင်မှုတွေကို စဉ်းစားတဲ့အခါမှာ အခြေခံ တစ်ခုကို ဆရာမျှဝေချင်တယ်။ အဲဒီအခြေခံကတော့ ဦးဆောင်မှုပေးတဲ့ Leadershipနဲ့ဦးဆောင်တဲ့သူ Leader နဲ့မတူဘူး ဆိုတဲ့အကြောင်းပါ။ Leadership မတူဘူး။ Leaderဆို တာ ဦးဆောင်တဲ့သူ၊ ခေါင်းဆောင်တဲ့ သူ၊Leadership ကတော့ ဦးဆောင်မှု ပေးတဲ့သူ၊ ကိုယ့်နေရာနဲ့ကိုယ် ဟာ ခေါင်းဆောင်တဲ့သူဖြစ်ရမယ်။ နိုင်ငံ တော်မှာလည်း ဦးဆောင်တဲ့သူ၊ ခေါင်းဆောင်တဲ့သူရှိတယ်။

ပြည်သူပြည်သား တွေအားလုံးသည် ဦးဆောင်တဲ့သူတွေ ဖြစ်နေမယ်။ ဦးဆောင်မှုပေးတဲ့ သူဟာ တာဝန်သိတယ်။ ဦးဆောင်မှုပေးတဲ့ ဟာက တာဝန်ခံတယ်။ တာဝန်ယူတယ်။ အဲဒါလေးတွေ အခြေခံပါတယ်။

ယင်းဂုဏ်ထူးဆောင်ပါမောက္ခ ရာထူးနှင်းအပ်ပွဲ အခမ်းအနားက Myanagement Magazine မှ တာဝန် ယူဆောင်ရွက်ပေးသည်ဟု သိရသည်။
www.facebook.com/mmcities

0 comments:

Post a Comment