21.2.14

အီရတ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား



တနင်္လာနေ့က အီရတ်နိုင်ငံတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အ နည်းဆုံး ၁၆ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။



ဘဂ္ဂဒက်အရှေ့ပိုင်း အူရ်ရပ်ကွက်ရှိ နာမည်ကျော် ဈေးတစ်ခုအနီး ကားဗုံးတစ် လုံးပေါက်ကွဲရာ လူရှစ်ဦးသေဆုံးခဲ့ပြီး လူ ၂ဝ ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လို သည့် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသတင်းအေဂျင်စီသို့ ပြောကြားခဲ့ သည်။

နောက်ထပ်ကားဗုံးတစ်ခုမှာ ဘဂ္ဂဒက် အလယ်ပိုင်း ကာရာဒါရပ်ကွက်တွင် ပေါက် ကွဲခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ¤င်းသီတင်းရင်းမြစ်က ပြော ကြားခဲ့သည်။ ထို့အပြင် ဘဂ္ဂဒက် အနောက် မြောက်ပိုင်း ဘိုးဧရိယာရှိ ဈေးတစ်ခုအနီး လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး တခြားသူ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ¤င်းသီတင်း ရင်းမြစ်က ပြောကြားခဲ့သည်။

ဘဂ္ဂဒက်၏ အရှေ့မြောက်ဘက် ကီလို မီတာ ၈ဝ အကွာရှိ မတ်ဒါဒီယာတွင် စစ် တပ် လှည့်ကင်းတစ်ခုကို ပစ်မှတ်ထားခဲ့ သော လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲခဲ့မှု ကြောင့် စစ်သားသုံးဦးသေဆုံးခဲ့ပြီး တခြား သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ရဲတပ် ဖွဲ့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ သည်။

ဘဂ္ဂဒက်၏ အနောက်ဘက် ကီလိုမီ တာ ၁ဝဝ အကွာ ရာမာဒီမြို့၌ အစိုးရလို လားသော ဆာဟဝါ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရှိတ်ခ် အာမက် အဘူရစ်ရှား၏အိမ်အနီး ရဲတပ် ဖွဲ့စစ်ဆေးရေး ဂိတ်တစ်ခုကို အသေခံကား ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေ ဆုံး၍ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။

မကြာသေးခင် နှစ်များအတွင်း အီ ရတ်၌ အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက် မှုများ ဖြစ်ပွားလျက်ရှိသည်။
ကုလသမဂ္ဂ၏ အီရတ်အကူအညီပေး ရေးမစ်ရှင်၏ ထုတ်ပြန်ချက်အရ ၂ဝ၁၃ ခုနှစ်တွင် အရပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၇၈၁၈ ဦးအပါအဝင် စုစုပေါင်း အီရတ်လူမျိုး ၈၈၆၈ ဦး သေဆုံးခဲ့သည်။

Ref: Xinhua

---------------------------------

Post By Yangon Media Group

0 comments:

Post a Comment