19.3.13

ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ယုံကြည်မှု ရှိနေသော အာဆင်နယ်

ဆွမ်ဆီး အသင်းကို ၂းဝ ဖြင့် အဝေးကွင်းတွင် နိုင်ခဲ့သည့် ပွဲစဉ် အပြီးတွင် အာဆင်နယ် နည်းပြ ၀င်းဂါးမှာ ၎င်းတို့ အသင်း အနေဖြင့် ရာသီကုန် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ထိပ်သီး ၄ သင်းစာရင်းဝင်ရန် ယုံကြည်မှု ရှိနေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အာဆင်နယ် အသင်းအတွက် ဂိုးများကို ဒုတိယပိုင်းတွင် နာချိုမွန်ရီးရဲလ် အပြင် ဂါဗင်ဟိုက သွင်းယူခဲ့ပြီး အာဆင်နယ် အသင်းမှာ အပိုင် အခွင့်အရေးများလည်း ရရှိခဲ့သည်။
ဝင်းဂါးက ပွဲအပြီးတွင် မိမိတို့ အနေဖြင့် ထိပ်သီး ၄ သင်း စာရင်းအတွက် တက်လှမ်းနိုင်ကြောင်းကို ယခုတွင် သက်သေပြနိုင်ခဲ့ကြောင်း၊ ယင်းအတွက် မိမိတို့မှာ ရာသီကုန်သည်အထိ ကြိုးစားသွားမည်ဖြစ်ကြောင်း၊ လာမည့် ပွဲများတွင် အမှတပြည့် ရယူကာ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အဝေးကွင်း နိုင်ပွဲ ရယူနိုင်ရန်မှာ မလွယ်ကူ သော်လည်း ယင်းအတွက် အကောင်းဆုံး ကြိုးစား ကစားပေးခဲ့သော အသင်းမှ ကစားသမားများကို မိမိ အနေဖြင့် ဂုဏ်ပြုလိုပါကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ် အသင်းသည် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် ၅ နေရာ၌ ရှိနေပြီး တစ်ပွဲပို ကစားထားသော အဆင့် ၄ နေရာမှ စပါး အသင်းနှင့် ၄ မှတ် ကွာဟနေသည်။

0 comments:

Post a Comment