19.3.13

အသင်းကို ပြန်လည်ကိုင်တွယ်နိုင်တော့မည့် ဘာစီလိုနာ နည်းပြ

အမေရိကန်တွင် ဆေးကုသမှု ခံယူနေသော ဘာစီလိုနာ နည်းပြ ဗီလာနိုဗာမှာ မကြာမီ ပြန်လာတော့မည် ဖြစ်ကြောင်း အားကစား ဒါရိုက်တာ ဇူဘီဇာရီတာ က ပြောဆိုလိုက်သည်။
အသက် ၄၄ နှစ် ရှိပြီဖြစ်သော ဗီလာနိုဗာမှာ ကင်ဆာ ဝေဒနာ တစ်ခုအတွက် နယူးယောက်သို့ သွားရောက်စစ်ဆေး ကုသမှုခံယူနေခြင်း ဖြစ်သည်။ သူသည် ဒီဇင်ဘာလမှ စ၍ အဖျား ရောဂါ ခံစားနေခဲ့ရပြီး ၂၀၁၃ ခုနှစ် ထဲတွင်
အသင်းကို အပြည့်အ၀ တာဝန် ယူနိုင်ခဲ့ခြင်း မရှိသေးပေ။ အားကစား ဒါရိုက်တာ ဖြစ်သူက နည်းပြဟာ ပြန်တော့လာမှာပါ ၊ ဒါဟာ ကျွန်တော်တို့ အတွက် သတင်းကောင်း ပါပဲ ၊ သူပြန်လာပြီး ဘယ်အချိန်မှာ တာဝန်ပြန်ယူမယ် ဆိုတာကိုတော့ သူကိုယ်တိုင်နဲ့ သက်ဆိုင်ရာ ဆရာဝန်တွေက ဆုံးဖြတ်ကြမှာပါ ဟု ပြောဆိုသွားခဲ့သည်။

0 comments:

Post a Comment