19.3.13

Tiger Myanmar Amature Open Golf Championship 2013 သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Tiger Myanmar Amature Open Golf Championship 2013 ဂေါက်သီးရိုက်ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို မတ် ၁၈ ရက်(ယနေ့) မွန်းလွဲ ၂း၀၀ နာရီက ရန်ကုန်မြို့၊ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ကျင်းပခဲ့သည်။ အခမ်းအနားကို မြန်မာနိုင်ငံ ဂေါက်သီးရိုက် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်၊ အမှုဆောင်ဦးချမ်းဟန်၊ Tiger ဘီယာမှ တာဝန် ရှိသူများနှင့် ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက် ခဲ့ကြသည်။
၂၀၁၃ တိုက်ဂါးမြန်မာအပျော်တမ်းဂေါက်သီးရိုက်ပြိုင်ပွဲ ကို လာမည့် မတ် ၁၉ ရက်မှ ၂၂ ရက်ထိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသည် R & A (ကမ္ဘာ့အဆင့် သတ်မှတ်ချက်)မှ အဆင့်သတ်မှတ်ပေးမည့် ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြိုင်ပွဲသို့ ကစားသမား ၁၂၈ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကစားသမားအများစုမှ ပြည်တွင်းကစားသမားများဖြစ်ကြသည်။
ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်အစရှိသည့် နိုင်ငံများမှ အပျော်တမ်း ဂေါက်သီး အားကစားသမားများလည်း ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ ဂေါက်သီးရိုက် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကြည်က ယခုပြိုင်ပွဲသည် သမိုင်းကြောင်းအစဉ်အလာကြီးမားသည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ပြိုင်ပွဲမှ အောင်သူ၊ လက်ရည် ပြည့်ဝသည့် ကစားသမားများအား ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် လက်ရွေး စင်အဖြစ် ရွေးချယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုက်ဂါးမြန်မာ အပျော်တမ်း ဂေါက်သီးရိုက်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှ မြန်မာနိုင်ငံမှ အပျော်တမ်း ဂေါက်သီး အားကစားသမား သိန်းနိုင်စိုးဖြစ်သည်။ လက်ရှိချန်ပီယံ သိန်းနိုင်စိုးက “ လေ့ကျင့်မှုကို နဂိုကတည်းက နေ့တိုင်း လေ့ကျင့်ထားပါတယ်။ ပြိုင်ပွဲ ရှိရှိ၊ မရှိရှိ လေ့ကျင့်နေတာပါ။ ဒါမှလည်း ဒီလိုပြိုင်ပွဲတွေလာတဲ့အခါ အဆင်သင်ဝင်ပြိုင်နိုင်မှာပါ။ ဒီနှစ်မှာလည်း လက်ရှိချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးစားသွားမှာပါ။ ကာကွယ်နိုင်ဖို့အတွက်လည်း ကြိုးလဲ ကြိုးစားထားပါတယ်”ဟု ပြောကြားသည်။

0 comments:

Post a Comment