19.3.13

ဘက်ခမ်းကြောင့် အောင်မြင်မှုများ ရရှိနိုင်မည်ဟု ပီအက်စ်ဂျီနည်းပြဆို


PSG အသင်း၏အသင်နည်းပြ ဘလာစီမာတူဒီသည် အင်္ဂလန် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းမှာ အရည်အချင်းရှိသော ကစားသမား တစ်ယောက်ဖြစ် ပြီး PSG အသင်းအတွက် အောင်မြင်မှုများ ယူဆောင် လာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ သည်။၎င်းရောက်ရှိ လာခြင်းကြောင့် မိမိတို့အသင်း သည် အင်္ဂလန်ကလပ် အသင်းများကဲ့သို့ အရည်အ ချင်းရှိသည့် ကလပ်အသင်းတစ်သင်း ဖြစ်လာနိုင် သည်ဟုမိမိအနေဖြစ် မျှော်လင့်ကြောင်း လည်း
ထုတ် ဖော်ပြောကြားခဲ့သည်။
ဝါရင့်ကွင်းလယ် ကစားသမား ဒေးဗစ်ဘက်ခမ်းသည် အယ်လ်အေကလပ်စီ အသင်းမှ အလွတ်တမ်း ပြောင်းရွေ့ခဲ့ပြီးနောက် ငါးလတာဇန်န ဝါရီ အပြောင်းအရွေ့ ကာလတွင် PSG အသင်းသို့ ရောက်ရှိလာခဲ့ပြီး အဆိုပါကြယ်ပွင့် ကစားသမားသည် အသင်းတွင်ရှိသော ကစားသမားများ၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်ကြောင်း မာတူဒီက ဝန်ခံထားခဲ့သည်။ အသက် ၃၇ နှစ်အရွယ်ရှိ ဘက်ခမ်းသည် ယခုအချိန် အထိစွမ်းဆောင်ရည် ကောင်းများရှိနေသေးကြောင်း ကိုအသင်၏ပွဲစဉ် တစ်လျှောက်လုံးတွင် ၎င်းကိုယ်တိုင် သက်သေပြခဲ့သည်။ ဘက်ခမ်းသာ အကယ်၍ PSG အသင်းတွင် ဆက်လက်ကစား သွားမည်ဆိုပါက အောင်မြင်မှုများ ဆက်လက်ရရှိနိုင် မည်သာမက လိဂ် ပွဲစဉ်တွင် အမှားအယွင်းမရှိခဲ့လျှင် ချန်ပီယံပင်ဖြစ်နိုင် ဖွယ်ရှိကြောင်း PSG ၏ အသင်းနည်းပြ ဘလာစီမာတူ ဒီက ယုံကြည်လျှရှိသည်။

0 comments:

Post a Comment