19.3.13

အသင်းဖော်များအား သတိပေးခဲ့သည့် ရော်ဘင်

ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမား ရော်ဘင်သည် ပြီးခဲ့သည့် ဘွန်ဒစ်လီဂါ ပွဲစဉ်မှာ လေဗာကူဆင် အသင်းအား အနိုင်ရခဲ့ပေမယ့် နောက်ပွဲစဉ်များ အတွက် ဆက်လက် အာရုံစိုက် ထားရန် ကစားဖော်များအား သတိပေးခဲ့သည်။ ဘိုင်ယန် အသင်းသည် လေဗာကူဆင် အသင်းအား အနိုင် ရခဲ့သည့်အတွက် ဒုတိယ နေရာမှ ဒေါ့မွန် အသင်းအား အမှတ် ၂၀ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်သည်။
သို့သော် ရော်ဘင်က အခုလို အမှတ်ဖြတ်ထားနိုင်သည့် အတွက်ပျော်ရွှင်မိပေမယ့် မိမိတို့သည် လာမည့် ပွဲစဉ်များ အပေါ် အာရုံစိုက် ထားရမည် ဖြစ်ကြောင်း ၊ မိမိတို့သည် သင်ခန်းစာ ကောင်းကောင်းရပြီဖြစ်သည့် အတွက် နောက်တစ်ကြိမ် အမှားခံတော့မည် မဟုတ်ကြောင်း ပြောခဲ့သည်။ ရော်ဘင်က ဆက်လက်ပြီး မိမိတို့ အသင်း ခေါင်းဆောင် ဖီးလစ်လမ်းသည် အကောင်းဆုံး ဦးဆောင်နိုင်သူ တစ်ဦး ဖြစ်သလို ကစားသမားများ အားလုံးသည် အသင်းအတွက် ကြိုးစားပေး သူများ ဖြစ်ကြောင်း ပြောခဲ့သည်။

0 comments:

Post a Comment