19.3.13

အသင်း ချန်ပီယံဖြစ်ရန် ဗီဒစ် မျှော်လင့်

မန်ယူ နောက်ခံလူ ဗီဒစ်သည် ရီးဒင်း အသင်းကို ၁းဝ ဖြင့် အနိုင်ရသော ပွဲစဉ် အပြီးတွင် ၎င်းတို့ အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် စိတ်ကြိုက် ရင်ခုန်ခွင့် ရှိနေကြောင်း ယုံကြည်နေသည်။ အဲဗာတန် အသင်းကို ၂းဝ ဖြင့် ရှုံးနိမ့်သွားသည့် မန်စီးတီးကို ၁၅ မှတ် အထိ ဖြတ်ထားနိုင်ခြင်းကြောင့် မန်ယူ အသင်းမှာ ယခုရာသီ ချန်ပီယံဆု အတွက် မျှော်လင့်ချက် ပိုမို အားကောင်းလာခဲ့သည်။
ဗီဒစ်က မိမိတို့ အနေဖြင့် အကောင်းဆုံး အခြေအနေမှာ ရှိနေပြီး စိတ်အေးချမ်းသာစွာ လက်ကျန်ပွဲများကို ဆက်လက် ကစားနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မန်ယူ အသင်းသည် လာမည့် လက်ကျန် ပွဲစဉ်များတွင် အသင်းကြီးများ ဖြစ်သည့် မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ် အသင်းများနှင့် ရင်ဆိုင်ရန် ကျန်ရှိနေခြင်း ဖြစ်သည်။

0 comments:

Post a Comment