19.3.13

အသင်းအတွက် အကောင်းဆုံး ကစားနိုင်မည်ဟု ဆာဟင် ယုံကြည်

ဖရိုင်းဘာ့ဂ်နှင့် ကစားခဲ့သည့် ပွဲတွင် ၂ ဂိုး သွင်းယူနိုင်ခဲ့သော ဒေါ့မွန် ကွင်းလယ် ကစားသမား ဆာဟင်က မိမိသည် တဖြည်းဖြည်းနှင့် ကောင်းလာနေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ဖရိုင်းဘာ့ဂ်ကို ၅း၁ နှင့် နိုင် ခဲ့သော အိမ်ကွင်း ပွဲစဉ်တွင် ဆာဟင်သည် ၄၄ မိနစ်နှင့် ၇၂ မိနစ်တို့တွင် ၂ ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ 
ဆာဟင်မှာ ရီးရဲလ်၊ လီဗာပူးတို့တွင် အခြေတကျ မဖြစ်ခဲ့ပဲ ဒေါ့မွန်သို့ ပြန်ရောက် လာပြီးမှသာခြေစွမ်း အနည်းငယ် တက်လာကာ အသင်းနှင့် အံဝင်လာပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ တူရကီ နိုင်ငံသား ဆာဟင်က ကျွန်တော့်အနေနဲ့ ဒေါ့မွန်ကို ပြန်ရောက်လာပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိလာသလို နည်းပြကလည်း ကျွန်တော့်ကို အကောင်းဆုံး ဖြစ်လာမယ့် ကစားပုံမျိုး ကစားစေခဲ့ပါတယ်။ မကြာခင်မှာ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး ကစားနိုင်မယ့် အနေအထား ကို ပြန်ရောက်လာတော့မှာပါဟု ပြောဆိုသွားခဲ့သည်။

0 comments:

Post a Comment