19.3.13

လည်ချောင်းရှင်းခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်


လည်ချောင်းရှင်းတာဟာ လည်ချောင်းနဲ့ အသံအိုးကို ထိခိုက်စေနိုင် ပါတယ်။ လည်ချောင်းဟန့်တာကို သုံးလကျော်တိုင် မကြာခဏ ပြုလုပ်တတ်သူတွေဟာ အကျင့်လို ဖြစ်သွားတတ်ပြီး ကုသမှု မခံယူရင် အသံအိုးနာပြီး အသံပြောင်းသွား တတ်ပါတယ်လို့ ချီကာဂို ဓာတ်မတည့်မှု ဌာနမှ သုတေသီတွေက ဆိုပါတယ်။ အအေးမိဝေဒနာ ခံစားရရင် ဒါမှမဟုတ် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ရောဂါပိုး ဝင် ရောက်တာမှ အစပြုပြီး လည်ချောင်းဟန့် တတ်ကြပါ တယ်။

တချို့တွေမှာ လည်းဘယ်အချိန်က စတင်ပြီး လည်ချောင်းဟန့်တဲ့ အကျင့် ဖြစ်ပေါ် တယ်ဆိုတာ သတိမထားမိကြဘဲ လည် ချောင်းမှာ တစ်ခုခုရှိနေ တယ်လို့ ထင်ကြပြီး လည်ချောင်းရှင်း တတ်ကြပါ တယ်။ တချို့ကျတော့လည်း စိတ်ဖိစီးမှုများလာ တဲ့အခါမှာ လည်ချောင်း ရှင်းလေ့ရှိပါတယ်။ လည်ချောင်းရှင်းရာမှ အကျင့်ဖြစ် သွားတတ်ပါတယ်။ အက်စစ်ဆန်တက်တာ၊ သွေးဖိအားကျ ဆင်းစေတဲ့ ဆေးဝါး သောက်နေရ တာတွေကို အရင်ကုသပေး ရပါမယ်။ အဲဒီလူနာတွေရဲ့ ထက်ဝက်လောက်ဟာ လည် ချောင်းမှာ သလိပ်ကပ်နေ တယ်လို ထင်မှတ်နေကြပေမယ့် သေချာစစ်ဆေးမှု ပြုလုပ်ရာမှာ သူတို့ထင်တာတွေ မှားနေ တတ်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment