19.3.13

ရီဘာရီ အသင်းတွင် ပါဝင်မည်ဟု ပြင်သစ် နည်းပြ ပြောကြား

ပြင်သစ် နည်းပြ ဒက်ချမ့်သည် ဘိုင်ယန် ကစားသမား ရီဘာရီ၏ ဒဏ်ရာအပေါ် စိုးရိမ်ခြင်း မရှိဘဲ ပြင်သစ် အသင်းမှာ ပါဝင် ကစားနိုင်ရန် မျှော်လင့်ထားသည်။ သူက ရီဘာရီ၏ ခြေကျင်း ၀တ် ဒဏ်ရာမှာ စိုးရိမ်စရာမရှိဘဲ ပြင်သစ် အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲများဖြစ်သည့် ဂျော်ဂျီယာ အသင်းနှင့် စပိန် အသင်းတို့၏ ပွဲစဉ်များမှာ ထည့်သွင်း အသုံးပြုမည်ဟု ပြောခဲ့သည်။ ရီဘာရီသည် အဆိုပါ ဒဏ်ရာကြောင့် အာဆင်နယ် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်နှင့် လေဗာကူဆင် အသင်းတို့၏ ပွဲစဉ်များကို
လွဲချော်ခဲ့သည်။ သို့သော် လက်ရှိ အချိန်မှာ ရီဘာရီသည် ပြင်သစ် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များမှာ ပါဝင်လျက်ရှိနေပြီး သူ၏ ဒဏ်ရာမှာ သိသိသာသာ ပျောက်ကင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ပြင်သစ် အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် မတ်လ ၂၂ ရက်မှာ ဂျော်ဂျီယာ အသင်းနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး မတ်လ ၂၆ ရက်မှာ စပိန် အသင်းနှင့် ရင်ဆိုင်ရမှာ ဖြစ်သည်။

0 comments:

Post a Comment