19.3.13

ဝက်စ်ဟမ်း ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည့် ဂျွန်တယ်ရီ

ဝက်စ်ဟမ်း အသင်းကို ၂းဝ ဖြင့် အနိုင်ရခဲ့သော အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်တွင် ချဲလ်ဆီး နောက်ခံလူ ဂျွန်တယ်ရီမှာ ပွဲကြည့် ပရိသတ်များ ဘက်ထဲကနေ အရာဝတ္ထုဖြင့် ပစ်ပေါက်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ၀က်စ်ဟမ်း ပရိသတ်များသည် ကွင်းလယ်လူ လမ်းပတ်၏ ဂိုး ၂၀၀ ပြည့် သွင်းဂိုး အတွက် အောင်ပွဲခံနေကြသော ချဲလ်ဆီး ကစားသမားများကို အကြွေစေ့များအပြင် ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
ယင်းနှင့် ပတ်သက်၍ မက်ထရိုပိုလစ် ရဲတပ်ဖွဲ့များက ၎င်းတို့ အနေဖြင့် စတင်၍ စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း ဆိုခဲ့သည်။
အလားတူ FA သည် ထိုသို့သော ဖြစ်ရပ် အတွက် စုံစမ်းမှု ပြုမပြုကို ယနေ့တွင် စဉ်းစားမည် ဖြစ်သည်။ ယင်းပွဲစဉ်၏ ပထမပိုင်းတွင် ချဲလ်ဆီး နောက်ခံလူဂျွန်တယ်ရီ သည် သွေးပူ လေ့ကျင့်ခန်း ဆင်းနေရန် ၀က်စ်ဟမ်း အသင်း ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ ယင်းကို ဂျွန်တယ်ရီကလည်း ၀က်စ်ဟမ်း ပရိသတ်များကို အမူအရာဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ ၀က်စ်ဟမ်း အသင်းကလည်း ယခု ဖြစ်ရပ်နှင့် ပတ်သက်စုံစမ်း စစ်ဆေးမှုတွင် ချဲလ်ဆီး အသင်းနှင့် အတူ ပါဝင်သွားမည်ဟု အတည်ပြု ခဲ့သည်။ ချဲလ်ဆီး အသင်းသည် ၀က်စ်ဟမ်းကို အိမ်ကွင်းတွင် နိုင်ခဲ့၍ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၃ သို့ ရောက်လာပြီး အိမ်ကွင်းတွင် ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့သည့် စပါး အသင်းမှာ အဆင့် ၄ သို့ ရောက်သွားကာ နှစ်သင်းပေါင်း အမှတ် ကွာဟချက်မှာ ၁ မှတ် သာရှိကြောင်း သိရသည်။

0 comments:

Post a Comment