19.3.13

ရွန်းနေ အမှားမဖြစ်စေရန် အင်္ဂလန် နည်းပြ မျှော်လင့်

အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်သည် လာမည့် ဆန်မာရီနို၊ မွန်တီနီဂရိုး အသင်းများနှင့် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွင် အသင်းတိုက်စစ်မှူး ရွန်းနေအား စိတ်ဒေါသ ထိန်းချုပ် ကစားရန် သတိပေးမည် ဖြစ်သည်။ ရွန်းနေသည် လွန်ခဲ့သော မွန်တီနီဂရိုး အသင်းနှင့် အဝေးကွင်း ယူရို ၂၀၁၂ ခြေစစ်ပွဲစဉ်တွင် ပြိုင်ဘက် ကစားသမား တစ်ဦးကို ကန်ကျော်ခဲ့၍ အနီကဒ်ပြခံရပြီး အသင်း၏ အုပ်စု ပွဲစဉ်အချို့ကို လွဲချော်ခဲ့သည်။
ဟော့ဆန်က ရွန်းနေမှာ မွန်တီနီဂရိုးနှင့် ယူရို ခြေစစ်ပွဲတုန်းက သူဟာ အမှားလုပ်ခဲ့သလို တကယ်ဘဲ မှားယွင်းခဲ့သည်ဟု ဖွင့်ဟ၀န်ခံခဲ့ကြောင်း၊ ယင်းကြောင်း ရွန်းနေမှာ တန်ဖိုးကြီးစွာ ပေးဆပ်ခဲ့ရပြီး အင်္ဂလန် အသင်းအတွက် ၂ ပွဲပယ် ခံခဲ့ရကြောင်း၊ ယင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် သူ့ကို အထူး သတိပေးစရာပင် မလိုအပ်ကြောင်း၊ သို့သော် ယင်းအပေါ် သူ့အနေဖြင့် စိတ်မှာ ပြန်ပြီး အမှတ်ရသလို ဖြစ်လာနိုင်မှာလား ဆိုတာကိုတော့ မိမိအနေဖြင့် စိတ်ပူမိကြောင်း ဆိုသည်။

0 comments:

Post a Comment