19.3.13

MNL-2 ပွဲစဉ် ၅ တွင် မြ၀တီအသင်းနှင့် GFA အသင်းတို့ နိုင်ပွဲပြန်လည်တွေ့ရှိ

မြန်မာနေရှင်နယ်လိဂ် ၂ MNL-2 ပွဲစဉ် ၅ ပွဲစဉ်များကို ပြီးခဲ့သည့် မတ် ၁၅၊ ၁၆၊ ၁၇ ရက်များက ပဒုမ္မာ၊ အောင်ဆန်းကွင်းများ၌ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မောရ၀တီ၊ ယူ-၁၉၊ အသင်းတို့မှာ သရေရလဒ်သာရရှိခဲ့သော် လည်း မြ၀တီအသင်းနှင့် GFA အသင်းတို့မှာ နိုင်ပွဲလည်ပြန်ရရှိခဲ့သည်။   မတ် ၁၅ ရက်က ပဒုမ္မာကွင်း၌ ကစားခဲ့သည့် Best Unitde အသင်းနှင့် မြ၀တီအသင်းတို့ပွဲစဉ်တွင်
မြ၀တီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မတ် ၁၆ ရက်တွင် ကစားခဲ့သည့် Michelia အသင်းနှင့် မောရ၀တီအသင်းတို့ပွဲစဉ်တွင် တစ်ဖက်သုံးဂိုးစီဖြင့် သရေကျခဲ့သည်။
မတ် ၁၇ ရက်တွင် ပဒုမ္မာကွင်း၌ ကစားခဲ့သည့် GFA အသင်းနှင့် Horizon အသင်းတို့ပွဲတွင် GFA အသင်းက ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အောင်ဆန်းကွင်း၌ ကစားခဲ့သည့် ယူ-၁၉ အသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့သည်။ MNL-2 ပွဲစဉ် ၅ အပြီးတွင် ချင်းယူနိုက်တက်အသင်းက ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာတွင် ချင်းပြည်နယ် ကိုယ်စားပြုအသင်းတစ်သင်းဖြစ်သည့် GFA အသင်းက ရမှတ် ၈ မှတ်ဖြင့် ရပ်တည်နေသည်။ တတိယနေရာနှင့် စတုထ္ဃ နေရာတို့တွင် ဒဂုံအသင်းနှင့် မောရ၀တီအသင်းတို့က ရမှတ် ၇ မှတ်စီဖြင့် ရပ်တည်နေကြသည်။

ပွဲစဉ် ၅ ရလဒ်များ
Best Unitde ၁ - ၂ မြ၀တီ
Michelia ၃ - ၃ မောရ၀တီ
GFA ၄ - ၃ Horizon
ယူ-၁၉ ၁ - ၁ ဒဂုံ

ပွဲစဉ် ၆ ပွဲစဉ်များ
၂၂-၃-၂၀၁၃ Best Unitde - Michelia (ပဒုမ္မာ)
၂၂-၃-၂၀၁၃ ချင်း - GFA (အောင်ဆန်း)
၂၃-၃-၂၀၁၃ ဒဂုံ - မောရ၀တီ (ပဒုမ္မာ)
၂၄-၃-၂၀၁၃ မြ၀တီ - Horizon (ပဒုမ္မာ)

0 comments:

Post a Comment