19.3.13

နှစ် ၄၀၀ ကျော် မျိုးဆက် ၁၅ ဆက် အသုံးပြုခဲ့သော အိပ်ခန်း

နှစ်၄၀၀ကျော် မျိုးဆက် ၁၅ဆက်အသုံးပြုခဲ့သော ဗြိတိန်သက်တမ်း အရင့်ဆုံးအိပ်ခန်းအင်္ဂလန် အနောက်တောင်ပိုင်း ဂလော်စတာရှိုင်း ယားဒေသရှိ ဘန်ကလေ ရဲတိုက် အတွင်းရှိ မျိုးရိုးစဉ်ဆက် ရဲတိုက် ပိုင်ရှင်များ အသုံးပြုခဲ့သော အိပ်ခန်းသည် နှစ် ၄၀၀ကျော် သက်တမ်းရှိကာ မျိုးဆက် ၁၅ ဆက် အသုံးပြုခဲ့ပြီး ဗြိတိန်၏ သက်တမ်း အရင့်ဆုံး အိပ်ခန်း တစ်ခန်းဖြစ်သည်။ အဆိုပါ ဘန်ကလေရဲ တိုက်ကို ဗြိတိန်သို့ လာရောက် လည်ပတ်ကြသည့် ခရီးသွား ဧည့်သည်များနှင့်
ဗြိတိန် နိုင်ငံသားများသည် အထူး စိတ်ဝင်စားလျက်ရှိပြီး နှစ်စဉ် ဧပြီလမှ အောက်တိုဘာလ အထိ ခရီးသွား ဧည့်သည်များ ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ရန် ရဲတိုက်ကို ဖွင့်လှစ်ပေးလေ့ ရှိသည်။

အဆိုပါ ရဲတိုက်ကို ၁၁ရာစုများက ပိုင်ဆိုင်ခဲ့ပြီး ၁၀၆၆ခုနှစ် ခန့်တွင် ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။ ရဲတိုက် အတွင်းရှိ ရဲတိုက် ပိုင်ရှင်များ အသုံးပြုရန် အိပ်ခန်းကို ၁၅၆၀-၁၆၄၀ခေတ် အနုပညာ လက်ရာမြောက်စွာ ပြုလုပ်ခဲ့သည်။ ယခုအခါ အသက် ၈၁နှစ် အရွယ်ရှိ ဂျွန်ဘန်ကလေနှင့် ၇၃နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဂျော်ဂျီနာဘန် ဂလေတို့က ဆက်လက် အသုံးပြုလျက် ရှိသည်။ သက်တမ်းကြာမြင့်နေပြီ ဖြစ်သော်လည်း ထိုအိပ်ခန်းအတွင်း အိပ်စက် အနားယူရာ၌ သက်သောင့်သက်ရှိပြီး ဗြိတိန် သမိုင်း ရာဇ၀င်ထဲ ရောက်ရှိသွားသကဲ့သို့ ခံစားမိကြောင်း ဂျော်ဂျီနာဘန်ကလေက ယခုနှစ် ဧည့်သည်များအတွက် ရဲတိုက် ဖွင့်လှစ်ရေး ကိစ္စနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားစဉ် ထည့်သွင်း ပြောကြား သွားခဲ့သည်။ ဘန်ကလေ မိသားစုသည် မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာခဲ့ပြီး ဗြိတိန်သမိုင်း တစ်လျှောက်တွင် နိုင်ငံအတွက် အဓိက တာဝန်များကို ထမ်းဆောင်ပေးခဲ့သည်။

0 comments:

Post a Comment