20.6.13

ADSL အင်တာနက် ဝန်ဆောင်ခ အွန်လိုင်းမှ စတင်ပေးသွင်းနိုင်

မြန်မာနိုင်ငံရှိ ADSL အင်တာနက်လိုင်း အသုံးပြုသူများ အနေနှင့် ADSL လစဉ် အသုံးပြုခများကို မြန်မာတယ်လီပို့တွင် သွားရောက်ပေးဆောင်ရန် မလိုတော့ဘဲ ဇွန်လ ၁၉ ရက်နေ့မှ စတင်ကာ ရတနာပုံ ADSL Bill စနစ်ဖြင့် အွန်လိုင်းအသုံးပြု ပေးဆောင်နိုင်ပြီဖြစ်ကြောင်း Yadanarpon Teleport Company Ltd, ၏ စီမံကိန်းများ တည်ဆောက်ရေးဌာနကြီး ဌာနမှူး ဦးအောင်စံမြတ်က ပြောကြားသည်။ “သုံးစွဲသူတွေက ကျွန်တော်တို့ကို အွန်လိုင်းဘဏ်စာရင်းထဲက တစ်လကျပ် ၅၀၀ ပေးရမယ်။ အသုံးမပြုချင်တော့ရင် သက်ဆိုင်ရာ ဘဏ်တွေမှာဖြစ်ဖြစ် YTP office ကိုဖြစ်ဖြစ် ဆက်သွယ်ပြီး အကောင့်ပြန်ဖျက်နိုင်တယ်” ဟု ၄င်းက ဆိုသည်။ ADSL Online Billing စနစ် အသုံးပြုလိုသူများသည် AGD ဘဏ်၊ ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်တို့တွင် ADSL Online Billing အတွက် လိုအပ်သည့် သီးသန့်ဘဏ်စာရင်း ဖွင့်လှစ်ကာ ebilling.ypay.com.mm ဝက်ဘ်ဆိုက်ဒ်မှတစ်ဆင့် အွန်လိုင်းငွေစာရင်းဖွင့်ပြီး စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ online bank account register form တွင် ဖြည့်သွင်းသည့် အချက်များမှာ မိမိဖွင့်ထားသည့် ဘဏ်စာအုပ်၏ မှတ်ပုံတင်နံပါတ်၊ အမည်တို့နှင့် တူရမည်ဖြစ်ကြောင်း ဦးအောင်စံမြတ်က ပြောကြားသည်။ လက်ရှိ မြန်မာနိုင်ငံတွင် Yatanarpon Online Payment gateway စနစ်ဖြင့် GSM၊ CDMA၊ ကြိုးဖုန်းအသုံးပြုခများ၊ လျှပ်စစ်မီတာ အသုံးပြုခနှင့် ရတနာပုံတယ်လီပို့ ADSL အသုံးပြုခများ Online မှ ပေးဆောင်နိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့ထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment