မီးရှို့ဖျက်ဆီးခံရသော စာသင်ကျောင်းအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်)
မောရ၀တီ အ.မ.က ကျောင်းအား အင်ဒိုနီးရှားမှ လှူဒါန်းသည့်ငွေဖြင့် တည်ဆောက်တော့ မည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
"မောင်တောမှာက မီးရှို့ဖျက်ဆီးခံခဲ့ရ တဲ့ ကျောင်းနှစ်ကျောင်းနဲ့
ဖျက်ဆီးခံခဲ့ရတဲ့ စာသင်ကျောင်း တစ်ကျောင်းရှိတယ်။ အခုနှစ်မှာ
ကျောင်း သုံးကျောင်းလုံး တည်ဆောက်တော့မှာ ဖြစ်တယ်။ များမကြာမီမှာ
အော်ဒါထွက်တော့မယ်။ ကျောင်း သုံးကျောင်းထဲက မောရ၀တီကျောင်းကို သိန်း ၂၀၀၀
ကျော် အကုန်အကျခံပြီး အင်ဒိုနီးရှား အလှူငွေနဲ့ တည်ဆောက်မယ်လို့
ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါပြီ။ ကျန်နှစ်ကျောင်းကိုလည်း ပညာရေးဌာနက
တည်ဆောက်တော့မယ်" ဟု ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးလှထွန်းစိန်က ပြောကြားသည်။
၂၀၁၂ ခုနှစ် ဇွန် ၈ ရက်တွင် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများကအုပ်စုဖွဲ့ကာ တိုင်းရင်း သား ကျေးရွာများအားမီးရှို့ရာတွင် မောရ၀တီကျေးရွာစာသင်ကျောင်း၊ ဗောဓိကုန်းကျေးရွာစာသင်ကျောင်း တို့ မီးရှို့ခံခဲ့ရပြီး
ကံသာယာကျောင်းမှာ ဖြိုချဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။ ၎င်းအပြင် ဆရာတစ်ဦး
အသတ်ခံခဲ့ရပြီး တာဝန်ကျ ဆရာဆရာမများလည်း ထွက်ပြေးခဲ့ရကြောင်း သိရသည်။ အဆိုပါ ကျေးရွာ များတွင် ကျောင်းသူကျောင်းသားများ စာသင်ကြားရေးများကို
ယာယီကျောင်းဆောင်များဖြင့် စာသင်ကြား လျက် ရှိကြောင်းလည်း သိရသည်။ လက်ရှိ
အနေအထားတွင် မောင်တောခရိုင်အတွင်း ဘင်္ဂါလီ ကျေးရွာ များရှိ အခြေခံပညာ
စာသင်ကျောင်းများသို့ တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသား ဆရာ၊ ဆရာမများ
သွားရောက် တာဝန်ထမ်းဆောင်ရန် ယုံကြည်မှု မရှိသေးသဖြင့် လုံခြုံရေးဖြင့်
ကျောင်းဖွင့်နေရကြောင်း လည်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
0 comments:
Post a Comment