20.6.13

ဆီးရီးယားသို့ လက်နက်များ တင်ပို့ရန် အမေရိကန်နှင့် မဟာမိတ် နိုင်ငံတို့ လုပ်ဆောင်လျက်ရှိ

ဆီးရီးယား- တူရကီ နယ်စပ်နှင့် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒါရာမြို့တွင် ဆီးရီးယားအစိုးရ အား အတိုက်အခံပြုတိုက်ခိုက်လျက်ရှိသည့် ဆီးရီးယားအတိုက်အခံများထံသို့ အမေရိကန်နှင့် မဟာမိတ်နိုင်ငံတို့မှလက်နက်များ ထောက်ပံ့ရန် အစီအစဉ်နှင့် ပတ်သက်၍ လုပ်ဆောင်လျက်ရှိ ရာ ယခုအခါ လက်နက်များတပ်ဆင်ပြီးစီးမှု အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အတွင်းသိသံတမန်များက ပြောကြားခဲ့သည်။

ထိုသို့ ပို့ဆောင်မည့် စစ်လက်နက်ပစ္စည်းများတွင် တီ-၆၂ နှင့် တီ-၅၅ တင့်များ အပါအဝင် စစ်ဘက်သုံးယာဉ်များ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့အား လျှို့ဝှက်လမ်းကြောင်းမှ ပို့ဆောင် သွားမည် ဖြစ်ကြောင်း အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ထို့အတူ အဆိုပါ အစီရင် ခံစာတွင် ဆီးရီးယား အတိုက်အခံများ ဘက်မှနေ၍ လက်နက် ကိုင်ဆောင်နိုင်ပြီး စစ်သင်တန်း လေ့ကျင့်မှု ခံယူနိုင်မည့် မည်သည့် ဆီးရီးယား နိုင်ငံသားကို မဆို လေ့ကျင့်မှုများ ပေးပြီး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ အမေရိကန်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံတို့သည် ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် ပြည်တွင်းစစ်၌ စစ်အင်အား ညီမျှမှု ရှိစေရန်အတွက် ဝင်ရောက်စွက် ဖက်လျက်ရှိသည်။

မြ၀တီ

0 comments:

Post a Comment