20.6.13

  
    
   ရီးယဲလ်မက်ဒရစ် အသင်းသည် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆက်လက် ထိန်းသိမ်းထားရေးအတွက် ကမ္ဘာ့စံချိန်တင် လုပ်ခလစာတစ်ရပ်ဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရသည်။ ရီးယဲလ် အနေဖြင့် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်သမားအား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးစားနေဆဲဖြစ်ပြီးရ်ာနယ်လ် ဒိုကမူ လက်ရှိသက်တမ်း(၂)နှစ်ကျန် စာချုပ်နောက်ပိုင်းတွင် အသင်းနှင့်သက်တမ်း မတိုးတော့ဟုပြော ကြားထားသည်။ သို့သော်လည်း Goal.comက ရီးယဲလ်အနေဖြင့် ရော်နယ်လ်ဒိုအတွက် စုစုပေါင်းပေါင်း စတာလင် (၁၃၂)သန်းမျှ တန်ကြေှးရှိမည့် စာချုပ်တစ်ရပ် စီစဉ်နေကြောင်း ခန့်မှန်းရေးသားလာခဲ့သည်။ အဆိုပါစာချုပ် ကမ်းလှမ်းမှုကိုမူ ရော်နယ်လ်ဒိုအနေဖြင့် ငြင်းဆန်ရန်အလွန်ခက်ခဲမည်ဟုလည်း Goal.com ကဆိုသည်။
     ရီးယဲလ်သည် (၅)နှစ် စာချုပ်အတွက် ပေါင်စတာလင် (၁၃၂)သန်းမျှ တန်ကြေးရှိမည့် ကမ်းလှမ်းမှုသစ် တစ်ရပ်ကို ရော်နယ်လ်ဒို၏ ကိုယ်စားလှယ်များထံ အဆိုပြုစည်းရုံးသွားဖွယ် ရှိနေကြောင်း သိရှိရသည်။ ထို့ကြောင့် ရော်နယ်လ်ဒိုသည် အခွန်နုတ်ပြီး တစ်နှစ်လျှင် ပေါင်စတာလင် (၁၃)သန်း ဝန်းကျင်မျှထိရရှိ မည့် သဘောဖြစ်သည်။ ယင်းသည်ဘောလုံးလောကတွင် ကစားသမားတစ်ဦးအတွက် ခံစားခွင့်အမြင့်မား ဆုံး စာချုပ်လည်းဖြစ်လာမည်ဟု သိရသည်။ ရော်နယ်လ်ဒိုသည် အသင်းဟောင်း မန်ချက်စတာယူနိုက် တက်သို့ ပြန်သွားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည့်တိုင် ရီးယဲလ်က ၎င်းကိုဆက်ထိန်းထား ရန် ကြိုးစားနေဆဲဖြစ်သည်။
  ရော်နယ်လ်ဒိုသည် (၂၀၀၉)ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း(၈၀)ဖြင့် ရီး ယဲလ်သို့ရောက်လာသည့်နောက်ပိုင်း (၁၉၉)ပွဲကစားကာ (၂၀၁)ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့သည်။

soccermyanmar

0 comments:

Post a Comment