Tablet တစ်လုံး လက်မ ၂၀ ဆိုတော့ ဘယ်လိုများ သုံးမလဲ မသိပါဘူး။ ဂျပန်
Panasonic ကတော့ CES 2013 မှာ Prototype အနေနဲ့ ဝင်ရောက် ပြသခဲ့ပြီး
ဖြစ်ပါတယ်။ ၉.၇ လက်မ iPad 4 တောင်
ကြီးတယ် ဖြစ်နေတာ။ လက်မ ၂၀ ဆိုရင်တော့ သွားလေရာ သယ်ဖို့ အဆင် မပြေတာ
သေချာနေပါပြီ။ သိုပေမယ့် Panasonic ကတော့ တကယ်ထုတ်မှာပါတဲ့။ resolution
840x2,560-pixel ရှိပြီး တစ်လက်မ စကေးမှာ 230 pixels အရည်အသွေး
ထုတ်နိုင်တယ် ဆိုတော့ နည်းတဲ့ ကြည်လင်ပြတ်သားမှု မဟုတ်ပါဘူး။ LCD Display
ကိုပဲ အသုံးပြုတာပါ။
ကြိုးမဲ့ကီးဘုတ်သာ တပ်ပေးလိုက်ရင် PC တစ်လုံးလို အသုံးပြုလို့ရမယ် ထင်ပါတယ်။ အရွယ်က ကြီး resolution ကလည်းကောင်းတော့ ရုပ်ရှင် ကြည့်ရင်ကြည့်၊ ပုံတည်းဖြတ်ရင်တည်းဖြတ် . အဲဒါအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ ကမ္ဘာ့အကြီးဆုံး Tablet ဖြစ်လာနိုင်တဲ့ လက်မ ၂၀ Tablet ကို Panasonic တို့ အနာဂတ်မှာ ထုတ်လုပ်သားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: ces
Aung Kham (TSJ team)
Techspace Journal

0 comments:
Post a Comment