20.6.13

ရခိုင်တိုင်းရင်းသားဒုက္ခသည်များကို ယခုလအတွင်း လုံးချင်းနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ခွင့် ပေးမည်

စစ်တွေမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်လျက်ရှိကြသော ရခိုင်တိုင်းရင်းသားများကို ယခုလအတွင်း လုံးချင်းနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်နှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခ ကာလအတွင်း မီးလောင်ခဲ့၍ ပျက်စီးခဲ့သော နေအိမ် များမှ တိုင်းရင်းသားများကို ကယ်ဆယ်ရေး စခန်းများတွင် ထားရှိခဲ့ကြရာမှ ယခုအခါတွင် စစ်တွေမြို့၏ အနောက်ဘက် ဆတ်ရိုးကျကမ်းတွင် တည်ဆောက်နေသော လုံးချင်းနေအိမ်များတွင် ထားပေးမည်ဖြစ်ပြီး ၎င်းတို့၏ ကလေးငယ်များ အတွက်လည်း စာသင်ကျောင်း တစ်ခုကို ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ လုံးချင်းနေအိမ်များ ဆောက်လုပ်ထားသော နေရာသည် စစ်တွေမြို့နှင့် ချောင်းတစ်ခုခြားပြီး ကလေးငယ်များ ကောင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ထိုသို့စီမံပေးခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန် တွင် ယာယီစာသင်ကျောင်း တစ်ခုကို ဆောက်လုပ်လျက်ရှိပြီး မူလတန်းကျောင်းအား မကြာမီ ဆောက် လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ရခိုင်တိုင်းရင်းများအားလုံး နေအိမ်ရရှိမည် မဟုတ်သေးကြောင်းနှင့် လက်ရှိဆောက်လုပ် ထားသော နေအိမ်များမှာ အလုံးရေ ၉၀၀ ကျော်သာ ဖြစ်ကြောင်းလည်း သိရှိရသည်။ အဆိုပါ ဆောက် လုပ်ထားသော နေအိမ်များနှင့်ပတ်သက်ပြီး ဒုံးတိုက်ကွင်းကယ်ဆယ်ရေးစခန်းတွင် လက်ရှိနေထိုင်နေသော ဦးသာစိန်က "ကယ်ဆယ်ရေး စခန်းမှာ နေရတာထက် အိမ်မှာနေရမယ်ဆိုတော့ ပျော်တော့ပျော်မိပါတယ်။ ဒါပေမဲ့ အဲဒီအိမ်တွေကို သွားကြည့်တော့ စိတ်မကောင်းဘူး။ တစ်နှစ်လောက်ပဲခံမယ့် အခြေအနေ ရှိတယ်။ ဒါပေမဲ့ ဖြစ်သလိုတော့ နေရမှာပေါ့လေ။ ဒီအခြေအနေမှာ ဘာမှမထူးပါဘူး။ အဆင်ပြေအောင် နေသွားရ မှာပဲ" ဟု ပြောကြားခဲ့သည်။
 
ရခိုင်တိုင်းရင်းသားများအတွက် မောင်တောနှင့်စစ်တွေမြို့နယ်များတွင် နေအိမ်များဆောက်လုပ်ထားပြီး ဖြစ် သည့်အပြင် အခြားမြို့နယ်များတွင်လည်း ဆောက်လုပ်ပေးသွားရန်ရှိကြောင်း သိရသည်။ အလားတူ ဘင်္ဂါလီစခန်းများမှ ဒုက္ခသည်များ အတွက်လည်း နေအိမ်တန်းလျားများ ဆောက်လုပ်ပေးရန် စီစဉ်လျက် ရှိကြောင်း သိရပြီး တချို့သော နေရာများတွင် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
EMG

0 comments:

Post a Comment