20.6.13

မန္တလေး ကျွဲဆည်ကန် ကားကြီးဝင်းအား ဆိုက်ရောက်၊ ထွက်ခွာနှင့် အရောင်းစင်တာများ ပါဝင်သော အဆင့်မြှင့်တင်မှု ပြုလုပ်မည်

မန္တလေးမြို့ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းကို အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှူး ဒေါ်ခင်မေဌေးက ပြောကြားခဲ့သည်။ ကားကြီးဝင်း အတွင်းတွင် ဆိုက်ရောက်၊ ထွက်ခွာနှင့် အရောင်းစင်တာများကို သီးခြားအနေဖြင့် သတ်မှတ်ပေးသွား မည်ဖြစ်ပြီး ခရီးသည် ကြို/ပို့ ကားများအတွက်လည်း ကားပါကင်များကိုပါ ထည့်သွင်းဆောက်လုပ် သွား မည်ဖြစ်ကြောင်း သိရသည်။
"လေယာဉ်ကွင်းလိုမျိုး ဆိုက်ရောက်ထွက်ခွာ သီးခြားစီ ထားပါမယ်။ ပစ္စည်းတွေကိုလည်း ဂိတ်မှာပဲ စစ်ဆေး ပြီး သယ်ပို့တဲ့စနစ်လုပ်သွားမှာပါ။ စားသောက်ဆိုင်တွေနဲ့ ဆိုင်ခန်းတွေကိုနေရာပြန်လည် ချထားပေးဖို့ အ တွက်ကတော့ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ပဲ ညှိနှိုင်းဆောင်ရွက်သွားမှာပါ" ဟု ဒေါ်ခင်မေဌေးက ပြောကြားသည်။
ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ကားကြီးဝင်းအား အဆင့်မြှင့်တင်မှုပြုလုပ်မည်ဖြစ်သည့်အပြင် ကားကြီးဝင်း၏ အနီးတစ်ဝိုက်ရှိ လမ်းများကိုလည်း ကတ္တရာလမ်းခင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ် ခင်မေဌေး က ဆက်လက်ပြောကြားခဲ့သည်။ "ကားကြီးဝင်းက မြို့လယ်ဧရိယာကို ရောက်လာပြီး ယာဉ်ကြောရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာတယ်။ ဒါကြောင့် နေရာသစ် တိုးချဲ့ဖို့ မြေနေရာ ရှာဖွေနေစဉ် အကောင်အထည် မဖော်နိုင်ခင် လက်ရှိကားကြီးဝင်းကို အဆင့်မြှင့်တင်တာပါ" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၁) က ပြောကြားသည်။

မြို့ပြ စီမံကိန်းအတွက် စီမံကိန်း အသစ်များ အကောင်အထည်ဖော်ရန် စည်ပင်သာယာပိုင် မြေနေရာများ ရှိသော်လည်း ဧက ၆၀ အကျယ်အ၀န်းရှိ မြေနေရာကို လျှပ်စစ်ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက် ရသောကြောင့် မြေနေရာအသစ် ထပ်မံရှာဖွေမှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။

0 comments:

Post a Comment