20.6.13

UWSA “ ၀” အဖွဲ့မှ မြေထိုးစက်ဖြင့် ရှမ်းတိုင်းရင်းသားတစ်ဦးပိုင် နေအိမ်အား ဖျက်ဆီးသွားသည့်အပြင် ပိုင်ရှင်အား သတ်ဖြတ်မှု ဖြစ်ပွား


 
၂၀၁၃ ဇွန် ၁၆ ရက်နေ့တွင် တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု၊ စက်မှုဇုန်၊ ဟုန်ပန်းအစာချက်စက်ရုံအနီးရှိ ရှမ်း တိုင်းရင်းသား ဦးစိုင်းဝင်းကျောက် နေအိမ်အား UWSA “၀” အဖွဲ့၊ ဟုန်ပန်းကုမ္ပဏီမှ မြေထိုးစက်ဖြင့် ဖျက်ဆီးခဲ့ရာ ဦးစိုင်းဝင်းကျောက်မှ တရားဥပဒေအရ အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာမှ ဇွန် ၁၈ ရက်နေ့တွင် UWSA “၀” အဖွဲ့ဝင်တစ်ဦးက ဦးစိုင်းဝင်းကျောက်အား ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက် ည ၇ နာရီခန့်တွင် ဖျက်ဆီးခံရသော အိမ်ပိုင်ရှင် ဦးစိုင်းဝင်းကျောက်နှင့် ဦးဇော်ဝင်းထွန်းတို့နှစ်ဦးသည် တာချီလိတ်မြို့ ဟောင်လိတ်အုပ်စု၊ စိန်ပန်းနီနီစားသောက်ဆိုင်မှ ပြန်လာစဉ် UWSA “၀” တပ်ဖွဲ့ဝင်တစ်ဦးက နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ဦးစိုင်းဝင်းကျောက်မှာ ဦးခေါင်းထိမှန်ခဲ့ပြီး ဦးဇော်ဝင်းထွန်းလည်း ဒဏ်ရာရရှိခဲ့ကာ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသ မှုခံယူနေစဉ် ည ၈ နာရီခန့်တွင် ဦးစိုင်းဝင်းကျောက်မှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဦးစိုင်းဝင်းကျောက်မှာ၎င်းမြေကွက်ကိုဝယ်ယူပြီး၂၀၁၂ခုနှစ်ဇွန်လမှစ၍ နေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောကြားသွားခဲ့သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်ရန် UWSA “၀”အဖွဲ့မှ တာဝန်ရှိသူများ အား ခေါ်ယူထားကြောင်း သိရှိရသည်။

စိုင်းလုံး

ဓာတ်ပုံ.. အင်တာနက်

0 comments:

Post a Comment